ရတနာပုံတော်လှန်ရေးတပ်ဖွဲ့

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်း ဂုဏ်ရောင်ပြောင်စွာကျဆုံး

RNA_မေ(၃၀)၊၂၀၂၅ခုနှစ်။ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် မေလ (၂၈) ရက်နေ့ တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသည့်အတွက် မိသားစု၊ တပ်ဖွဲ့ဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ ထုတ်ပြန်ထားသည်။ ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် အသက်ရှိစဥ်အတွင်း နွေဦးတော်လှန်ရေးမှ စတင်၍ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားမှုအပြည့်အဝဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း ရဲဘော်၏ အသက်ကို အဖိနှိပ်ခံပြည်သူလူထုအတွက် ပေးဆပ်ခဲ့ကြောင်း၊ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ရဲဘော်တစ်ဦးအနေဖြင့် လုပ်နိုင်သမျှကို ပြည့်စုံအောင်လုပ်ဆောင်ခဲ့သူဖြစ်သည့်အပြင် ခိုင်မာသော တော်လှန်ရေးခံယူချက်ကို စံနမူနာယူ၍ ရန်သူကိုခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More
ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း…
Read More