Tag: လွတ်လပ်ရေး

  • ရခိုင်ပြည်စစ်ရေးအောင်မြင်မှု အားရကျေနပ်စရာကောင်း

    ရခိုင်ပြည်စစ်ရေးအောင်မြင်မှု အားရကျေနပ်စရာကောင်း

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
     
    ရခိုင်ပြည်နယ်အတွင်းမှ စစ်အာဏာရှင်များကို မောင်းထုတ်ထားနိုင်သည့်အတွက် စစ်ရေးအရ အားရကျေနပ်စရာကောင်းသော်လည်း နိုင်ငံရေးအရ ညီညွတ်မှုတစ်ခုလိုအပ်နေသေးကြောင်း စသည်တို့ကို ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) အထွေထွေအတွင်းရေးမှူးဟောင်း ကိုတိန်ဦးကပြောပြထားသည်။

    (more…)

  • ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

    ဗိုလ်မှူးကြီးဗထူးကျဆုံးခြင်း (၇၈) နှစ်မြောက် အခမ်းအနားပြုလုပ်

    RNA_‌ဇွန်(၂)၊၂၀၂၃ ခုနှစ်။

    ယနေ့ ကျရောက်သည့် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၈) နှစ်မြောက် “ဗထူးနေ့ ” အခမ်းအနားကို ဗိုလ်မှူးကြီးဗထူး မွေးရပ်ဇာတိဖြစ်သည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ လေးသွန်းခံရွာရှိ ဗထူးပန်းခြံ၌ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်၍ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၁ ခုနှစ်တွင် ဗမာ့လွတ်လပ်ရေး‌ တပ်မတော် (BIA) သို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ၁၉၄၅ ဇွန်လ ၂ ရက်နေ့တွင် ကျဆုံးသွားခဲ့ရသည့် ထားဝယ်တိုင်းရင်းသား သူရဲကောင်းတစ်ဦးဖြစ်‌သည်။

    [embedyt] https://www.youtube.com/watch?v=aWniZ8jvL2A[/embedyt]

    “ဗထူးနေ့” အခမ်းအနားတွင် သမဂ္ဂခွပ်ဒေါင်းအလံတော်အား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးနှင့်တကွ ကျဆုံးသွားခဲ့ကြသော လွတ်လပ်ရေးသူရဲကောင်းများနှင့် ဒီမိုကရေစီသူရဲကောင်းများအား အလေးပြုခြင်း၊ ဗိုလ်မှူးကြီးဗထူးအား အောက်မေ့ဂုဏ်ပြုသည့်အနေဖြင့် လွမ်းသူပန်းခွေချ ဂါရဝပြုခြင်း၊ တော်လှန်ရေးအင်အားစုများမှ ပေးပို့လာသည့် သဝဏ်လွှာများအား ဖတ်ကြားခြင်းအပါအဝင် တော်လှန်ရေးကဗျာများ ရွတ်ဆိုခြင်း စတဲ့ စသည်တို့ကို ပြုလုပ်ခဲ့သည်ဟု ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကထုတ်ပြန်ထားသည်။

    (more…)