RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီဘက်က ပြောနေသလို ယနေ့ လေကြောင်းဗုံးကြဲသွားသည့် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းတွင် မည်သည့်လက်နက်ကိုင်မျှမရှိ၊ ကလေးငယ်များ စာသင်နေကြခြင်း ဖြစ်သည်အတွက် ကျောင်းသူ ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်သက်မွေးပညာကော်မတီတာဝန်ခံ CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောသည်။
“နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေကော ကျွန်မတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ ထွက်ပြီးပြောပေးကြမှာလဲ။ အားလုံး နားတွေ မကြားကြတော့ဘူးလား ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါ၊ safe our children ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါအုံး။ လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ပြောနေတယ် အခုလို့ ဒီလိုဖြစ်တယ် ကလေးတွေ သေကြေတယ် စာသင်ကျောင်းတွေ ပျက်စီးတယ် အဲဒါကကော လူ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူးလား” ဟု ဆရာမ ဒေါ်ရတီအုန်းက ပြောသည်။
ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2) နှင့် ဆရာမ (၂) တို့ ကွယ်လွန်ခဲ့ရခြင်းဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1