Red News Agency

Independent Journalism for Justice and Human Rights.

Tag: စစ်ကောင်စီ

  • စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

    စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

    RNA_စက်တင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။

    ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် သန်းခေါင်စာရင်းကောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    “မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသူများသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေးနေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် မိမိတို့ရှုမြင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

    ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေးအတွင်း ပြည်သူများသေဆုံးမှု စာရင်းများကို စစ်ကောင်စီက ဖုံးကွယ်ထားပြီီးလိမ်လည်ထုတ်ပြန်နေကြောင်း တွေ့ရှိရသည်။

    ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောကြားချက်ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီသတင်းစာ၌ ထည့်သွင်းဖော်ပြရာတွင် သပြေပင်ကျေးရွာ၌ ပြည်သူ (၈) ဦးသာသေဆုံးခဲ့သည်ဟု လိမ်လည်ပြောကြားထားသည်။

    (more…)

  • နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

    နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

    RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။
     
    TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     
    စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် (၆)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ

    စစ်ကောင်စီညံ့ဖျင်းလွန်းလို့ ဆင်းရဲတွင်း နစ်နေရတဲ့ ပြည်သူများ

    “အခက်အခဲတွေကို ဖန်တီးပြီး မထိန်းချုပ်နိုင်တာဟာ စစ်ကောင်စီ ညံ့ဖျင်းမှုဖြစ်ပြီး၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ နေရတာကိုက အရာရာမှာ အပြည့်အဝကာကွယ်စောင့်‌ရှောက်မှု မ‌ပေးနိုင်ဘဲ၊ ပြည်သူတွေဟာ အရာရာ ကျောမလုံစွာဖြင့် ဖြတ်သန်းရတဲ့အခါ အပ်ထားတဲ့ ငွေတွေကို ထုတ်ယူကြသလို အပ်နှံမှုလည်း မလုပ်ကြတော့တာဖြစ်ပါတယ်”
    ဧရာဝတီလင်းပိုင် – Wiper
    ဇူလိုင်လဆန်းပိုင်းကစပြီး ပြည်သူတွေဟာ ဒုက္ခတစ်ခုထပ်တိုးရင်ဆိုင်လိုက်ရတာတော့ ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေ ဖမ်းဆီးခံရခြင်းရဲ့ နောက်ကွယ်မှာ ငွေထုတ်ယူမှုပြဿနာဆိုတဲ့ ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်အပ်ထားတဲ့ ငွေကို သွားရောက်ထုတ်ယူကြရာမှာ ၂ သိန်းမှ ၅သိန်းထိသာ ထုတ်ပေးကြောင်းကို သွားရောက်ထုတ်ယူခဲ့သူများထံမှ သိရှိရပါတယ်။ တစ်နေရာနှင့်တစ်နေရာ ထုတ်ပေးမှု ပမာဏ ကွာခြားချက်များရှိ‌‌သော်လည်း သေချာတာက‌ တော့ မိမိငွေကို အပ်ထားတဲ့ ပမာဏအတွင်းက လိုသလောက် ထုတ်‌ယူမရတာ‌တဲ့ အခက်အခဲကတော့ နေရာတိုင်း ကြုံနေရပါတယ်။ မှတ်ပုံတင်ဖြင့် ငွေလွှဲသူများကိုလည်း ၅ သိန်းအောက်ထိသာ ဝန်ဆောင်မှုပေးလုပ်ကိုင်လျှက်ရှိပါတယ်။
     
    KBZ Pay၊ AYA Pay ၊ Wave Payစတဲ့ Online payment များမှာလည်း ငွေသားထုတ်ယူမှုအတွက် တစ်သိန်းထုတ်ယူရင် တစ်သောင်း၊ ငါးထောင်ပေးပြီး ထုတ်ယူနေကြရသလို Online payment ဖြင့် ငွေပေးချေဈေးဝယ်ပါက လက်မခံတာရှိသလို ၅% အပိုပေးပြီးငွေပေးချေမှုဖြင့် လက်ခံမှုလည်းရှိကြပါတယ်။ ဒီလိုလုပ်ရပ်မျိုးကြောင့် အခြေခံလူတန်းစားများအတွက် ရာခိုင်နှုန်းပေးပြီး ငွေထုတ်ယူရခြင်း၊ ဈေးဝယ်ရခြင်းတို့သည် ပိုမိုကြပ်တည်းမှုများဖြစ်ပေါ်နေပါတယ်။ ဒီလိုပြည်သူတွေ ဒုက္ခပေါ် ဒုက္ခဆင့်ရောက်အောင် ဖန်တီးသူဟာ စစ်ကောင်စီသာ ဖြစ်ပါတယ်။ ဆန်၊ဆီဈေးကို ထိန်းချုပ်တယ်ဆိုပြီး ဈေးသတ်မှတ်ပေးတယ်။ သတ်မှတ်ဈေးအတိုင်း မရောင်းရင် အရေးယူခံရမယ်ဆို ထုတ်ပြန်ထားတယ်။ ဒါပေမယ့် သတ်မှတ်ဈေးအတိုင်း ဘယ်စီးပွားလုပ်ငန်းရှင်ကမှ မရောင်းနိုင်တဲ့အခါ တိတ်တဆိတ်လက်သိပ်ထိုးပြီး အရောင်းအဝယ် လုပ်ရတဲ့ မှောင်ခိုဈေးကွက်ဖြစ်လာတယ်။

    (more…)

  • ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

    “အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်”

    ကေဂျီ – Wiper 

    အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့ ဇာတ်ထဲက လူမိုက်ပမာ ဖြစ်နေခဲ့ပါပြီ။ နိုင်ငံတော်အဆင့် စစ်ကြောင်းတွေနဲ့ တုတ်ဆွဲဓားဆွဲကြမ်းပြသမျှဟာလည်း အပြီးသတ် ပတ်တီးအဖွေးသားနဲ့ အောင်မြင်စွာ ဆုတ်ခွာစစ်ဆင်နိုင်ခဲ့ပါတယ် ဆိုတဲ့ အဆင့်က တက်မလာတော့ပါဘူး။

    ဒီလို စစ်တပ်အားကိုးတစ်ခုနဲ့ အခြေအနေမဟန်တော့မှန်းကို သိသာလာတဲ့အခါ မင်းအောင်လှိုင်ဟာ ရနိုင်သလောက်နေရာလေးမှာ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံသုံးကာ ရွေးကောက်ပွဲဖြစ်ရုံလေး ကျင်းပလို့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးပြီး လွတ်အောင်ပြေးနိုင်ဖို့ ကြိုးစား ပြင်ဆင်လာပါတယ်။ လက်ရှိစစ်ကောင်စီ လက်အောက်မှာ ပြည်သူလူထုတစ်ရပ်လုံးဟာ လူ့အခွင့်အရေး၊ စီးပွားရေးနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ အဆိုးရွားဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံအဖြစ်ကို ရောက်ရှိနေပါတယ်။

    ပြည်သူလူထုဟာ နေ့စဉ်တွေ့ကြုံနေရတဲ့ အကျပ်အတည်းတွေကြားမှာ တော်လှန်ရေးနဲ့ လူအခွင့်အရေး ဆုံးရှုံးမှုတွေကို လွန်ဆန်ကြဖို့ထက် နေထိုင်စားသောက်နိုင်ရုံလောက်ကိုပဲ မနည်းကို ရုန်းကန်နေကြရပါတယ်။ ဒီအချက်ပေါ်မှာ အခွင့်အရေးရယူပြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ တုန်းက ဦးသန်းရွှေ အကွက်လိုမျိုး ခင်းလာနိုင်ပါတယ်။ ပြည်သူလူထုအားလုံး ကျပ်တည်းဆင်းရဲပြီး ဒုက္ခရောက်နေမှ မင်းအောင်လှိုင်အတွက် ကယ်တင်ရှင်ဇာတ်ကို ခင်းလို့ကောင်းမှာ ဖြစ်တဲ့အတွက် ပြည်သူလူထုတစ်ရပ်လုံးကို ဒုက္ခမရောက် မဖြစ်ရလေအောင်လည်း ကြိုးစားလုပ်ဆောင်နေပါတယ်။

    (more…)

  • မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

    မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

    RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီသည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအပါအဝင် သံဃာတော်များကို သတ်ဖြတ်နေသည့်အတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်စဉ် မြိုင် ပကဖ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=gdnUtSyojCw[/embedyt]

    ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်ဟောင်း ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ရပြီး၊ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသတ်ဖြတ်ထားသည့် ဗုဒ္ဓဘာသာရဟန်းသံဃာ၊ ခရစ်ယာန်ဆရာတော်၊ အစ္စလာမ်ဘာသာရေးဆရာ တဦးတို့ပါအဝင် (၅၀) ကျော်ရှိကြောင်း၊ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဘာသာရေးခေါင်းဆောင် ၁၂၀ ကျော်ရှိကြောင်း AAPP နှင့် MOHR စာရင်းများအရသိရသည်။

    (more…)

  • စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

    စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

    RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။

    “ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

    မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။

    (more…)

  • ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

    ရှစ်လေးလုံး အထိမ်းအမှတ် ကျောက်တိုင် ဖြိုချဖျက်ဆီးခံရ

    RNA_မတ်(၉)၊၂၀၂၄ ခုနှစ်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ် ကျောက်တိုင်ကို အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက မတ်လ (၈) ရက်နေ့ ည (၁၁) နာရီဝန်းကျင်က ဖြိုချဖျက်ဆီးသွားကြောင်း သိရသည်။

    “ညက အဖြိုခံရတာ အခုမနက်တော့ စခတွေ အများကြီး အပေါ်ပိုင်းက ပျက်စီးသွားပြီ အောက်ပိုင်းကျန်သေးတယ်၊ အခု ကန်ကို ပိတ်ထားတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတဦးက ပြောသည်။

    ဓာတ်ပုံ : ၈၈ မျိုးဆက် ကိုမင်းကိုနိုင်နှင့် ကိုဂျင်မီတို့ ၃၂ နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံနေ့က ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအထိမ်းအမှတ် ကျောက်တိုင်ကို ဂါရဝပြုခဲ့စဉ် တွေ့ရသည့် မြင်ကွင်း။

    #RedNewsAgency

  • စစ်ကောင်စီ စိုက်ပျိုးသောဖရဲခင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာ

    စစ်ကောင်စီ စိုက်ပျိုးသောဖရဲခင်းနှင့် ပြည်သူ့စစ်မဟာဗျူဟာ

    “ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအ‌ခြေအနေသို့ ရောက်ရှိရသည်”
    ******************************
    မီးသွေး

    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်ရှိအခြေအနေမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအပါအဝင် အဘက်ဘက်မှ ကျဆင်းပြီး ဖယိုဖရဲ အခြေအနေနှင့်ကြုံတွေ့နေရသည်။ စစ်ကောင်စီ၏ နိုင်ငံရေး သွေးခွဲနည်းဗျူဟာဖြစ်သော လူမျိုးရေးသွေးခွဲခြင်းနှင့် ဘာသာရေးမှိုင်းတိုက်ခြင်း တို့ကိုပါ လုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။

    ဗမာစစ်တပ်၏ နိုင်ငံရေးရင့်ကျက်မှု (Political Maturation) သည် ယနေ့အချိန်မှာ အသုံးမဝင်တော့သည်ကို တွေ့ရှိရသည်။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စတင်လိုက်သည့် ပြည်တွင်းစစ်ကြီးဟာလည်းအရှိန်အမြင့်ဆုံး ရောက်ရှိနေပြီးတော့ နိုင်ငံအနှံ့အပြားရှိတိုက်ပွဲများတွင် ကြည်း၊ရေ၊လေ အကုန်အသုံးပြု စစ်ဆင်ရေးများပြုသော်လည်း အဘက်ဘက်တွင် အထိနာကာ ကျရှုံးလျက်ရှိသည်။

    စစ်ကောင်စီသည် ခေတ်အဆက်ဆက် စစ်ရေးတွင်ကောင်းမွန်စွာ မထိန်းသိမ်းနိုင်သောအခါ နိင်ငံရေးထည့်သွင်းပြီး မဟာဗျူဟာဆွဲထားသော အပြန်အလှန်နားလည်မှုနှင့် တာဝန်ရှိမှု (mutual understanding and responsibility) ပါဝင်သည့် ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည် ဖော်ဆောင်ရွက်တတ်သည်ကို တွေ့ရှိရပေမည်။ ထိုသို့သော လုပ်ရပ်နှင့်မဟာဗျူဟာများသည် ပြည်ပကျူးကျော်စစ်များတွင်သာ ထိရောက်သော်လည်း တိုင်းရင်းသားလူမျိုးအချင်းချင်း ဖြစ်ပွား‌သော ပြည်တွင်းစစ်များတွင် အသုံးပြုပါက မိမိလည်ပင်းကြိုးကွင်းစွပ်သကဲ့သို့ ဆိုးကျိုးများကြုံတွေ့ရမည်သာ မုချအသေအချာပင်ဖြစ်သည်။

    ယခုလို ပြည်သူ့စစ်မဟာဗျူဟာကို နိုင်ငံတကာ အခြေအနေဖြင့်နှိုင်းယှဉ်ကြည့်လျှင် ယူကရိန်းနိုင်ငံရှိ ပြည်သူပြည်သားများသည် ရုရှားနိုင်ငံ၏ ကျုးကျော်စစ်ကို ခုခံဖို့အတွက် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုကာ ခုခံခြင်းဖြင့် ယူကရိန်းနိုင်ငံသားအချင်းချင်း အပြန်အလှန်နားလည်မှုနှင့်တာဝန်ရှိမှုကို ပြသနိုင်မည်ဖြစ်ပေသည်။ အာဏာရှင်စစ်ခေါင်းဆောင်များနှင့် ပြည်တွင်းစစ်အများဆုံးတွေ့ရသော အာဖရိကနိုင်ငံများတွင်လည်း ပြည်တွင်းစစ်တွင် ပြည်သူ့စစ်မဟာဗျူဟာကို အသုံးပြုသောအခါ အသုံးပြုသော စစ်ခေါင်းဆောင်သည် အနှေးနှင့် အမြန်ကျဆုံးခြင်းအ‌ခြေအနေသို့ ရောက်ရှိရသည်ကိုတွေ့ရှိရမည်ဖြစ်သည်။
    (more…)

  • ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

    ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် အပစ်အခတ်အရပ်စဲရေး စတင်သည့်နေ့မှာပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်

    RNA_ဇန်နဝါရီ(၁၃)၊၂၀၂၄ခုနှစ်။

    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်သည့်နေ့မှာပင် ထိတွေ့တိုက်ပွဲ မဖြစ်ပွားခဲ့သော်လည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်ရာ ရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးများပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၇၈) ရက်မြောက်နေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်ကြသော MNDAA၊ TNLA နှင့် AA တို့သည် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၀) နှင့် (၁၁) ရက်နေ့များတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၁) ရက်၊ ညနေ (၉) နာရီခန့်မှစတင်၍ နှစ်ဖက်တပ်များ ချက်ချင်းအပစ်ရပ်စဲရေး၊ နှစ်ဖက်တပ်ဖွဲ့ဝင်အချင်းချင်းကြားတွင် ပစ်ခတ်တိုက်ခိုက်မှုနှင့် ထိတွေ့မှုမရှိစေရေး၊ အကယ်၍ အငြင်းပွားဖွယ်ရာများနှင့် လိုလားချက်များ (ပစ်ခတ်မှုများ) ဖြစ်ပေါ်လာခဲ့ပါက တွေ့ဆုံဆွေးနွေးမှုလမ်းစဉ် ဖြင့်ဖြေရှင်းရေးစသည့်အချက်များကို ” ဟိုင်ဂင်သဘောတူညီမှုများ” အမည်ဖြင့် သဘောတူညီမှုများရရှိခဲ့ကြောင်း သိရသည်။

    (more…)