Red News Agency

Independent Journalism for Justice and Human Rights.

မြိုင်မြို့နယ် သံဃာတော်များ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ချီတက်ပွဲကို မြိုင် ပကဖ လုံခြုံရေး တာဝန်ယူခဲ့

RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီသည် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသအပါအဝင် သံဃာတော်များကို သတ်ဖြတ်နေသည့်အတွက် မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်စတင်ခဲ့ပြီး ချီတက်လမ်းလျှောက်စဉ် မြိုင် ပကဖ ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း သိရသည်။

[embedyt] https://www.youtube.com/watch?v=gdnUtSyojCw[/embedyt]

ဝင်းနိမ္မိတာရုံစာသင်တိုက်၏ ပဓာနနာယက၊ နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ဝင်ဟောင်း ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်မှ ဇွန်လ ၁၉ ရက်နေ့က ပစ်ခတ်ခဲ့ရာ ပျံလွန်တော်မူခဲ့ရပြီး၊ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီသတ်ဖြတ်ထားသည့် ဗုဒ္ဓဘာသာရဟန်းသံဃာ၊ ခရစ်ယာန်ဆရာတော်၊ အစ္စလာမ်ဘာသာရေးဆရာ တဦးတို့ပါအဝင် (၅၀) ကျော်ရှိကြောင်း၊ အကျဉ်းထောင်များတွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ဘာသာရေးခေါင်းဆောင် ၁၂၀ ကျော်ရှိကြောင်း AAPP နှင့် MOHR စာရင်းများအရသိရသည်။

 

ရဟန်းသံဃာတော်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်နေသည့် စစ်ကောင်စီကို မြိုင်မြို့နယ်ရှိ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ယနေ့စတင်ပြီး ချီတက်လမ်းလျှောက်ပွဲတွင် ရဟန်းသံဃာတော်များနှင့် ဒါယိကာ ဒါယိကာမ ၁၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency