Red News Agency

Independent Journalism for Justice and Human Rights.

Tag: စစ်ကောင်စီ

  • ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

    ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းခြင်းသည် ကချင်တစ်မျိုးသားလုံးကို စစ်ကြေညာခြင်းဖြစ်သည်ဟု WKC က ကြေညာ

    RNA_နိုဝင်ဘာ(၇)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီက အကြောင်းပြချက်မရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးလိုက်ခြင်းသည် ကချင်တစ်မျိုးသားလုံးကို အလွန်အကြူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံ စစ်ကြေညာခြင်းဖြစ်သည်ဟု World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
     
    “ဤလုပ်ရပ်သည် ကချင်တမျိုးသားလုံးကို အလွန်အကျူးရန်စစော်ကားလိုက်ခြင်းဖြစ်သည်သာမက ထပ်မံစစ်ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ သို့ပါ၍ ပြည်သူလူထုအားလုံး ဤတော်လှန်ရေးတွင် မိမိတက်နိုင်သည့်ဘက်မှ အရှိန်မြှင့်လျက် ပါဝင်ရပ်တည်ကြပါစိုး” ဟု ထုတ်ပြန်ချက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

    (more…)

  • မင်းအောင်လှိုင်က ဇော်မင်းထွန်းကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့် 

    မင်းအောင်လှိုင်က ဇော်မင်းထွန်းကို ဇေယျကျော်ထင်ဘွဲ့ ချီးမြှင့် 

    RNA_နိုဝင်ဘာ (၁၇)၊၂၀၂၂ ခုနှစ်။ 

    အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင််က နစက အလိုကျ သတင်းထုတ်ပြန်ပေးနေသည့် ဇော်မင်းထွန်းကို ယနေ့မှာ ဇေယျကျော်ထင်ဘွဲ့ ချီးမြင့်ကြောင်း ထုတ်ပြန်လာသည်။ 

    အာဏာသိမ်းပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌလုပ်နေသည့် မင်းအောင်လှိုင်သည်် ယနေ့ ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့ကို အကြောင်းပြုကာ စစ်တပ်လက်အောက်မှ အမိန့်နာခံသူများကို မဟာသရေစည်သူဘွဲ့၊ စည်သူဘွဲ့၊ သီရိပျံချီဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့ စသည်တို့ကို ပေးအပ်ကြောင်း ကြေညာခဲ့သည်။

    (more…)

  • တောင်ဒဂုံမှာ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့် သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ 

    တောင်ဒဂုံမှာ အသက် (၁၁) နှစ်အရွယ် ကလေးငယ်တဦး မုဒိန်းကျင့် သတ်ဖြတ် အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ 

    RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ခိုး၊ဆိုး၊လုယက်မှု၊ ဓားပြတိုက်မှုများဖြစ်ပွားမှု များပြားလာသည့်အထဲတွင် ရတ်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ အသက် (၁၁) နှစ်အရွယ် မိန်းကလေးငယ်တဦး မုဒိန်းကျင့်၊ အသက်ခံရကာ အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တောင်ဒဂုံမြို့နယ်၊ ၁၀၅ ရက်ကွက်၊ ချမ်းမြသာစည်လမ်းတွင်နေထိုင်သည့် မယွန်းနဒီကျော် အသက်(၁၁)နှစ်သည် အောက်တိုဘာ ၁၄ ရက်နေ့ ညနေ (၄) နာရီကျော်က နေအိမ် အပြင်ထွက်ပြီးကြာဇံကြော်ထွက်ဝယ်ရာမှ အိမ်ပြန်မရောက်သည့်အတွက် လိုက်ရှာကြရာ နဂါးရုံဘုရား ရေကန်ဘေး‌ ရေမြောင်းအတွင်း နွံထဲနှစ်ကာ အလောင်းဖျောက်ခံရပြီး သေဆုံး နေကြောင်း ည(၈)နာရီခန့်မှသိခဲ့ကြရကြောင်း သိရသည်။

    တရားခံအား စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးထားသည်ဟု သိရသည့်အတွက် ကာယကံရှင်မိဟားစုများက သွားရောက်စုံစမ်းရာ သိခွင့်မရဘဲ နောက်သုံးလ စစ်ခုံရုံးတင်မည်ဟု ပြောကြားခဲ့သော်လည်း လူမှုကွန်ယက်တွင် ပြန့်နှံ့လာသည့် အတွက် ရဲစခန်းက ယနေ့ နံနက် (၁၁) နာရီဝန်းကျင်က တရားခံအား ဖမ်းဆီးထားပြီး သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်မှုတို့ဖြင့်တရားစွဲဆိုထားကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

    Red News Agency

  • စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုတွေကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်ခဲ့ပြီဟု မင်းအောင်လှိုင်ပြောပြန်

    စီးပွားရေးကျဆင်းမှုနှင့် အကြမ်းဖက်မှုတွေကို ပြည်သူနှင့်အတူ ကျော်လွှားနိုင်ခဲ့ပြီဟု မင်းအောင်လှိုင်ပြောပြန်

    RNA_အောက်တိုဘာ ၅ရက်၊ ၂၀၂၂ခုနှစ် ။

    ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှုနှင့် အကြမ်း ဖက်မှုများကို ပြည်သူနှင့်စစ်တပ်  တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခဲ့မှုများကြောင့် ကျော်လွှားနိုင်ခဲ့ပြီဟု အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်ပါသည်။

    အောက်တိုဘာ ၄ ရက်နေ့က ပဲခူးတိုင်း ပြည်မြို့မှာ မင်းအောင်လှိုင်ရောက်ရှိနေပြီး၊ SME လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံစဥ်မှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

    (more…)

  • “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    RNA_ဇူလိုင်၂၅၊၂၀၂၂ ခုနှစ်။
    ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို ​သေဒဏ်ကျခံထားရပြီး အာဏာသိမ်းစစ်ကောင်စီက ကြိုးမိန့်ပေး သေဒဏ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ယနေ့ ( ဇူလိုင်၂၄ ရက်စွဲနှင့်) မှာတော့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ စစ်ကောင်စီသတင်းစာက ထုတ်ပြန်လာပြီဖြစ်ပါတယ်။
    စစ်အာဏာရှင် လက်ပါးစေတွေက ကိုဂျင်မီကို ကြိုးမိန့်မပေးခင်မှာ သရဏဂုံတင်ခိုင်းပါတယ်၊ Red News Agency သတင်းရင်းမြစ်ကနေကြားသိရတာက “ တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ နောက်ဆုံးကဂျင်မီက ပြောခဲ့ကြောင်း၊ ကိုဂျင်မီကို ကြိုးမိန့်ပေးရာတွင် တော်တော်နှင့် မပြီးတဲ့အတွက် (၁၂) မိနစ်ကြာမြင့်ခဲ့သည်ဟု ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စုံစမ်းသိရှိထားသည်။
    မိသားစုနှင့် အင်းစိန်ထောင်မှာ အွန်လိုင်းက တစ်ဆင့် Zoom နှင့် မိနစ်(၂၀) ပေးတွေ့ခဲ့ ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့ နံနက်စောစောမှာ ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို ကြိုးပေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ဇူလိုင် (၂၄)ရက်နံနက်စောစောက ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ကြိုးမိန့်ပေး စီရင်ခဲ့သည်ဟု Red News Agency ၏ သတင်းရင်းမြစ််ထံမှသိရသည်။
    “ လူဆိုးတွေကိုတော့ ငါတို့ ဝါတွင်းလည်း သတ်ရမှာပဲ၊ ငါတို့တရားတယ်၊ ဒီကောင်တွေက လူသတ်ကောင်တွေ ငါတို့ဝိနည်းနဲ့ညီတယ်” ဆိုတာမျိုးထိ ထောင်ဝန်ထမ်းတွေက ပြောကြားပြီး ကြိုးမိန့်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
    ယခုရက်ပိုင်း အင်းစိန်ထောင်မှာ ဗျူဟာမှူးအဆင့်က ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းအလိုက် ရောက်ရှိနေတယ်ဆိုသည့် သတင်းကို Red News Agency ကတင်ပြခဲ့သည့် ဇူလိုင်၂၃ ရက်နေ့ကတည်းက သေဒဏ်စတင်စီရင်ကြောင်း သိခဲ့ရသော်လည်း သက်သေအထောက်အထားနှင့်တကွ မရရှိသည့်အတွက် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။
    ယနေ့အထိ ဒေသဏ်စီရင်ခံရသူများ၏ ရုပ်အလောင်းကို မိသားစုကိုလည်း ထုတ်မပေးသလို ကြိုးမိန့်စီရင်လိုက်ပြီဟုလည်း တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင်လည်း သတင်းစာတွင် ကြေညာထားသည့်အတိုင်း သေဒဏ်ကျခံရမည့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း၊ သတင်းစာမှာပါသည့်အတိုင်းဟုသာ ပြောကြားခဲ့သည်ဟု သိရသည်။
    Red News Agency

  • အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

    အင်းစိန်အကျဉ်းထောင် ကြိုးစင်ကို ယနေ့နံနက် ဒေါက်ဖြုတ် စမ်းသပ်မှုတွေပြုလုပ်

    RNA_ဇွန် ၁၁၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင်းရှိ ကြိုးစင်ကို ယနေ့ နံနက်ပိုင်းက ဒေါက်ဖြုတ်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။

    ” အခုမနက်မှာ အသံထွက်လာတာက သတ်ဖို့သေချာလောက်တယ်တဲ့၊ ကြိုးစင်ကို ဒေါက်‌တွေဘာတွေ ဖြုတ်တာလုပ်ပြီး ပြင်ဆင်နေကြပြီ ပြောတယ်” ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက Red News Agency သို့ ပြောသည်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုသူရဇော်တို့ကို သေဒဏ်အတည်ပြုထားကြောင်း စစ်ကောင်စီပြန်ကြားရေး ဇော်မင်းထွန်းက ပြောကြားထားသည်။

    ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို သေဒဏ်အတည်ပြုခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများစသည်တို့က စစ်ကောင်စီလုပ်ရပ်ကို လက်မခံနိုင်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ထားကြသည်။

    RedNewsAgency

  • လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

    RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီသည် ဆိုးရွားပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေး‌ကေ့ကော် ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီးလျှက် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ယနေ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်တောင်းဆိုထားသည်။

    Red News Agency

  • ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

    ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

    သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။

    အောင်ဒင် (ဇွန် ၁၈၊ ၂၀၂၁ ခုနှစ်)

    ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဖက်ဆစ်စစ်အုပ်စုကို ငြင်းပယ်ခြင်း။

    ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်မတော်အတွက် ကုလသမဂ္ဂစစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/ WHO) က အဖွဲ့ကြီးရဲ့ ၇၄ ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံကြီး (The 74th World Health Assembly) မှာ မြန်မာစစ်အုပ်စုကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ညီလာခံတက်ရောက်ခွင့် ငြင်းပယ်လိုက်ပါတယ်။

    ဇွန်လ ၇ ရက်နေ့မှာ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ်ကြီး (International Labor Organization/ ILO) က မြန်မာစစ်အုပ်စုကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပမယ့် နိုင်ငံတကာအလုပ်သမားညီလာခံ (109th International Labor Conference) ရဲ့ ၁၀၉ ကြိမ်မြောက်အစည်းအဝေးကို တက်ရောက်ခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဂျီနီဗာမြို့မှာပဲ ဇွန်လ ၂၁ ရက်ကနေ ဇူလိုင် ၁၃ ရက်နေ့အထိ ကျင်းပမယ့်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၄၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ခွင့် ငြင်းပယ်ခံရပြန်ပါတယ်။ ဒီလို အရေးကြီးတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းကြီးများရဲ့ ညီလာခံကြီးတွေကို တက်ရောက်ခွင့်ငြင်းပယ်ခံရတာဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကြီးမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကနေ ရွေးချယ်ဖွဲ့စည်းတာဝန်အပ်နှင်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစည်းအဝေးတက်ရောက်ခွင့် ယှဉ်ပြိုင်လျှောက်ထားမှုကြောင့် ဖြစ်ပြီး ဒီအစည်းအဝေးတွေကို NUG လည်း တက်ခွင့်မရပါဘူး။ ဒါပေမယ့် ပြည်တွင်းမှာလည်း ပြည်သူလူထုရဲ့ ပြင်းထန်အားကောင်းတဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကို ရင်ဆိုင်နေရတဲ့ မြန်မာဖက်ဆစ်တွေအတွက်တော့ နိုင်ငံတကာ မျက်နှာစာမှာ ကြီးမားတဲ့ အရေးနိမ့်မှုတွေ ဖြစ်ပါတယ်။

    (more…)