Red News Agency

Independent Journalism for Justice and Human Rights.

စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်သူများကို အရေးယူမည်ဟု ပွင့်ဖြူ ပကဖ ထုတ်ပြန်

Written by

in

RNA_စက်တင်ဘာ(၂၅)၊၂၀၂၄ ခုနှစ်။

ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းခဲ့ပြီး စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ထားသော စစ်ကောင်စီပြုလုပ်မဲ့ တရားမဝင်ရွေးကောက်ပွဲကို လက်မခံသည့်အတွက် သန်းခေါင်စာရင်းကောက်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

“မြို့နယ်အတွင်းရှိ ပြည်သူများ၏ သဘောဆန္ဒအရ သန်းခေါင်စာရင်းကောက်ယူခြင်းကို လုံးဝတားမြစ်သည်။ သန်းခေါင်စာရင်းကောက်ယူသူများသည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သလို စစ်ကောင်စီသက်ဆိုးရှည်စေရေး ထောက်ပံ့ပေးနေသူများ၊ စစ်ရာဇဝတ်မှုများကို အားပေးအားမြှောက်ပြုနေသူများအဖြစ် မိမိတို့ရှုမြင်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ကောက်ယူမည့် သန်းခေါင်စာရင်းကို နယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီထောက်ခံ အားပေးသူများအနေဖြင့် လုံးဝ (လုံးဝ) မကောက်ယူရန်၊ ကောက်ယူသူများကိုလည်း ပြည်သူ့ဆန္ဒအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA