စစ်ကောင်စီ

ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

ဆေးမတိုးတော့တဲ့ သပ်လျှိုသွေးခွဲမယ့် စစ်ကောင်စီရဲ့အကြံ

"ဘဝတူတော်လှန်ရေးအင်အားစုများနဲ့အတူ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ခဲ့ခြင်းဟာ KNU ရဲ့ ရပ်တည်ချက်နဲ့သဘောထားတွေဟာ ဘယ်လိုအကြောင်းတရားတွေနဲ့မှ ယိုင်းယွင်သွားစရာမရှိဘူးဆိုတာ စစ်ကောင်စီကို အသိပေးလိုက်တာပါ" ငြိမ်းမောင် KNU ဥက္ကဋ္ဌ ဟောင်းစောမူတူးစေဖိုးက စစ်အုပ်စု ခေါင်းဆောင်နဲ့တွေ့တယ်၊ စစ်တပ်အပေါ် ယုံကြည်နေသူဖြစ်လို့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို ရဲရဲဝံ့ဝံ့လျောက်လှမ်းခဲ့တယ်၊ NCA မှာ လက်မှတ်ရေးခဲ့တဲ့ ပုဂ္ဂိုလ်လည်းဖြစ်တယ်။ KNU နဲ့ ပတ်သတ်ရင် ထိန်းထိန်းသိမ်းသိမ်းပဲ ဆောင်ရွက်ခဲ့တာကို တွေ့ရတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်တာ၊ အဲဒါက သူ့တစ်ဦးရဲ့ သဘောထားဖြစ်ပြီး KNU နဲ့ မသက်ဆိုင်ဘူးလို့ KNU ပြောရေးဆို ခွင့်ရှိသူ ပဒိုစောတောနီးက အရင်ပြောထားပြီးသား။ " ဒီကိစ္စက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ လုံးဝမသက်ဆိုင်တဲ့အတွက်…
Read More
စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

စစ်အုပ်စုအတွင်း ဗလောင်းဗလဲ အပြောင်းအလဲများ 

"ပြည်ထဲရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း အနားပေးခံရကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်အား ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ဒုဗိုလ်ချုပ်ကြီးရာပြည့်သည် ဦးသန်းရွှေလက်ထက်က တိုင်းမှူး တာဝန်ပေးခံရသူဖြစ်ခဲ့သလို လက်ရှိ ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် စစ်တက္ကသိုလ်အပတ်စဉ် ၂၂ တွင် အတူတက်ရောက်ခဲ့သူ" ငြိမ်းမောင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထားသော စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ ဖမ်းဆီးစစ်ဆေးခံနေရသည့် ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စိုးထွဋ်နှင့် မိုးမြင့်ထွန်းတို့မပါတော့ပေ။ ထိုစစ်ကောင်စီအပြောင်းအလဲပြုလုပ်ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်သို့ ရောက်ရှိနေလေသည်။ စစ်အုပ်စုက ထိပ်ပိုင်းခေါင်းဆောင် ၃ ဦးနှင့်ပတ်သက်၍ ပြန်ဆက်ရမည်ဆိုလျှင် စစ်ကောင်စီသည် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို လာဘ်စားမှု၊ ဒေါ်လာအရောင်းအ၀ယ် မသမာမှု၊ ပို့ကုန်သွင်းကုန်ကိစ္စများနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးကာ နေအိမ်နှင့်ပိုင် ဆိုင်မှုများကို သိမ်းဆည်းလိုက်ပြီဟု သတင်းများထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ စစ်ကောင်စီ…
Read More
အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

အကျိုးစီးပွားနဲ့ စစ်အာဏာရှင်များ ဇာတ်တူသားစားကုန်ကြပြီ

" ကဲ..အခုတော့ ရွှေသမင်ဘယ်ကထွက်သလဲ၊ အကြမ်းဖက် စစ်ကောင်စီက သိပြီ၊ အရေးယူပစ်မယ်၊ ပိုင်ဆိုင်မှုသိမ်းမယ်ဆိုတာမျိုး အသံထွက်လာပါပြီ။ စီးပွားရေး လုပ်ငန်းရှင်တွေပြီးတဲ့နောက် မိုးမြင့်ထွန်းအပါအဝင် အကြမ်းဖက်စစ်အုပ်စုရဲ့ အကြီးပိုင်းတွေကို မေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လာဘ်ယူတာ၊ စီးပွားရေးလုပ်ငန်းများတွင် အလွဲသုံးစား လုပ်ခဲ့တာပေါ်ပေါက်လို့ အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားပါပြီ" ********************************* ငြိမ်းမောင် ဒေါ်လာသန်းနဲ့ချီ အလွဲသုံးစားလုပ်လို့ ဖမ်းဆီးအရေးယူခံထားရတဲ့ အကြမ်းအုပ်စုက ခေါင်း ဆောင်တစ်ဦးဖြစ်တဲ့ မိုးမြင့်ထွန်းကို အဂတိအမှုနဲ့ စပြီးစစ်ဆေးနေပြီ၊ မိုးမြင့်ထွန်း တာဝန်ယူထားတဲ့ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကော်မတီ သုံးခုကိုလည်း အကြမ်းအုပ်စုက နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မြထွန်းဦး ကို ပြောင်းလဲတာဝန်ယူပေးလိုက်ပါပြီဆိုတဲ့ သတင်းများ ဒီရက်ပိုင်းမှာ ကြားလာရပါပြီ။ ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား…
Read More
မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

မင်းအောင်လှိုင်ကို NUG သမ္မတ သတိပေး

RNA_စက်တင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   တိုင်းပြည်၏ အာဏာသည် ပြည်သူ့ထံမှ ဆင်းသက်တာဖြစ်သည့်အတွက် ပြည်သူ့အာဏာကို မင်းအောင်လှိုင်ဘယ်တော့မှမရရှိနိုင်ကြောင်း ယနေ့ကျရောက်သည့် ပြည်သူ့ခုခံစစ် ကြေညာခြင်း (၂) နှစ်ပြည့် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းကာ သတိပေးထားသည်။   #RedNewsAgency
Read More
နေပြည်တော် မကြာမီ မျှော်

နေပြည်တော် မကြာမီ မျှော်

"နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်" ငြိမ်းမောင် အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ "မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို "xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ်…
Read More
Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက် ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခံရ 

RNA_စက်တင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်၊ အထူးတရားရုံးမှ စစ်ကောင်စီလက်အောက်ခံများက ယနေ့ (စက်တင်ဘာ ၆ ရက်) တွင် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ ချလိုက်ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းအခြေအနေများကိုသွားရောက် မှတ်တမ်းတင်စဉ် ၂၀၂၃ ခုနှစ် မေ ၂၃ ရက်က စစ်တွေမြို့၌ ကိုစိုင်းဇော်သိုက် ဖမ်းဆီးခံလိုက်ရကြောင်း၊ ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ထိတ်လန့်စေမှု)၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ဥပဒေ ပုဒ်မ…
Read More
စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

စားအုန်းဆီ ၅၀ သားရရှိရေး ရန်ကုန်မြို့မှာ တန်းစီဝယ်နေရ

RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားအုန်းဆီ ၅၀ သားကို ၂၀၀၀ ကျပ်နှင့်ရောင်းချနေသည့်အတွက် ယနေ့ နံနက်ပိုင်းက တန်းစီဝယ်ခဲ့ကြရကြောင်း သိရသည်။ စားအုန်းဆီ တစ်ပိဿာကို ၁၁၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့သည့်အတွက် ရန်ကုန်မြို့နယ်တော်တော်များများတွင် တစ်ပိဿာကို ၄၄၀၀ ကျပ်နှင့် ရောင်းချပေးနေသည့် သတင်းနှင့်အတူ တန်းစီဝယ်ယူနေကြကြောင်း၊ ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်သံစျေးအနီးတဝိုက်မှာ လူတစ်ဦးကို စားဆီ ၅၀ သား၊ ကျပ် ၂၂၀၀ဖြင့် နေရာ ၃ ခုလောက် ရောင်းချခဲ့ကြောင်း သိရသည်။ "အခုက ဆီတစ်ဗူး ၅၀သားပေါ့၊ ၂၂၀၀ နဲ့ရောင်းပေးတာ။…
Read More
ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

ဖားကန့် မနမှော် မြေပြိုမှု သေဆုံးသူများအပေါ် စစ်ကောင်စီက ဝတ်‌ကျေတန်းကျေသာ ဆောင်ရွက်

RNA_ဖားကန့် ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ဩဂုတ်လ (၁၃) ရက်နေ့က ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်အတွင်း မြေပြိုပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ရေကန်နံဘေး ကျောက်ကျင်းတူးနေသူများ ရေကန်အတွင်း နစ်မြှုပ်သေဆုံးခဲ့ရမှုအတွက် စစ်ကောင်စီက ဝတ်ကျေတန်းကျေသာ ဆောင်ရွက်သည်ကို တွေ့ရသည်။ အာဏာသိမ်း စစ်ကောင်စီ၏ တာဝန်ရှိပုဂ္ဂိုလ်များသည် မြေပြိုဖြစ်စဉ်အတွင်းလာရောက်ပြီး တစ်စုံတစ်ရာကူညီဆောင်ရွက်ပေးခြင်းမရှိ၊ အသုဘ သင်္ဂြိုလ်စရိတ်ကပါ မိသားစုကိုယ်တိုင် ကျခံခဲ့ရပြီးမှ ပြည်တွင်းနှင့် နိုင်ငံတကာသတင်းများ တက်လာချိန်မှကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက မြေပြိုပြီး ရေကန်အတွင်းနစ်မြှုပ်သေဆုံးရသူများ၏ မိသားစုဝင်များကို တစ်ဦးလျှင်ငွေကျပ်ဆယ်သိန်းနှုန်း ထောက်ပံ့မည်ဟုပြောဆိုကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

စစ်ကောင်စီ လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မှာ မီးဆိုးဆိုးဝါးဝါး ပျက်မြဲပျက်နေ

RNA_သြဂုတ် ၉ ရက်၊၂၀၂၃ ခုနှစ်။ အာဏာသိမ်း စစ်ကောင်စီအဖွဲ့ခန့် လျှပ်စစ်ဝန်ကြီးနေရာကို  ပြောင်းလဲခန့်အပ်သော်လည်း ရန်ကုန်မြို့တွင် ဆိုးဆိုးရွားရွား မီးပျက်မြဲပျက်နေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ” သူတို့ စစ်ကောင်စီက လျှပ်စစ်ဝန်ကြီးတွေဘာတွေ ပြောင်းတယ်ကြားတယ်။ အပြောင်းအလဲ လုပ်လည်း ဒီပုတ်ထဲကဒီပဲဘဲ။ စစ်ကောက်စီကမှ အသုံးအကျတော့ စစ်ကောင်စီခန့်ထားတဲ့သူကလည်း ဘာအသုံးကျမှာလဲ။အပေါ်က ခိုင်းတာပဲ လုပ်ရတာလေ” ဟု အလုံမြို့နယ်‌ နေထိုင်သူတစ်ဦးက ပြောသည်။ လျှပ်စစ်မီး စစ်ကောင်စီ လက်ထက် အချိန်ဇယားဆွဲကာ အချိန်ပိုင်း မီးပေး၊ အလှည့်ကျမီးဖြတ်သည့်စနစ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ယနေ့ အထိလုပ်ဆောင်နေကြောင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က လျှပ်စစ်မလုံလောက်ခြင်းသည် ရေအားလျှပ်စစ်စီမံကိန်းများ ပျက်ခဲ့သည့်အတွက်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။ (more…)
Read More
စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

စစ်ကောင်စီ၏ မဟာစီးပွားရေးအကောင်အထည်ဖော်မှုကြားက ပြည်သူများ

"ဘဏ်စနစ်အကြောင်း၊ ငွေရေးကြေးရေး စနစ်အကြောင်း စျေးကွက်သဘောတရား ဘာတစ်ခုမှနားမလည်ပဲ  စစ်ကောင်စီဟာ ဒေါ်လာကို ထိန်းချုပ်ဖို့ လုပ်လာခဲ့တယ်။ ရလဒ်က စျေးကွက် ကမောက်ကမဖြစ်ပြီး စာတွေ ခဏခဏထုတ် မူဝါဒအမျိုးမျိုး ပြောင်းနေရတဲ့အထိ ဖြစ်ခဲ့ရတယ်" ငြိမ်းမောင် ၂ သောင်းတန် ထုတ်တယ်၊ ငွေကြေးမဖောင်းပွပါဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောခဲ့တယ်။ အောက်ခြေမြေပြင် အခြေအနေအမှန်ကို မသိ၊ လုပ်ချင်သလိုလုပ် ပျက်ချင်သလို ပျက်နေတဲ့ စစ်ကောင်စီလက်ထက် အရာအားလုံးဟာ ပျက်စီးမှုဆီ ဦးတည်နေခဲ့ပါပြီ။ လက်နက် ကိုင်အကြမ်းဖက်ဆီကလာတဲ့ စကားလုံးတွေဟာ ယုံကြည်စရာတစ်ကွက်မှ မရှိခဲ့တာကြာပါပြီ။ အလိမ်အညာတွေနဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့အလုပ်ပဲ လုပ်တတ်တော့ ပြည်သူက အယုံကြည်မရှိခဲ့တာကြာခဲ့ပါပြီ။ အကြမ်းဖက်အာဏာစလုကတည်းက စစ်ကောင်စီလက်ထက်မှာ ဒီနေ့အထိ မြန်မာကျပ်ငွေဟာ…
Read More