Tag: စစ်ကောင်စီတပ်

  • စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

    စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

    RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် အရာအားလုံးကို တက်မြောက်ထားသည်ဟု ယူဆချက်အရ ဒုတိယဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြား‌ရေး မှူးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။

    စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီးသာမိုး၊ ဒုတိယဗိုလ်မှူးကြီး ရာဇာလင်း၊ ဒုတိယဗိုလ်မှူးကြီး သာထူးဝင်း၊ ဒုတိယဗိုလ်မှူးကြီး ကြည်ရအောင်၊ ဒုတိယဗိုလ်မှူးကြီး ထွန်းအောင်ဖြိုး၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်းထွန်းတို့ကို ဇွန်လ (၆) ရက်နေ့ကတည်းက ခန့် ထားသည်။

    စစ်ကောင်စီတပ် စစ်သားများသည် တိုက်ခိုက် ရေး (စစ်ဘက်ရေးရာ) ဘက်တွင် ကျွမ်းကျင်မှုမရှိသည့်အတွက် တိုက်ပွဲတိုင်းနီးပါးတွင် အသေအဆုံးများနေကြာင်း၊ စီးပွားရေးဘက်တွင် ထူးချွန်မှုမရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်သည့် ကာလတိုင်း အရပ်ဘက်ဌာနဆိုင်ရာများ၊ပြည်ထဲရေး၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်အထိ စစ်တပ်မှ အသွင်ပြောင်းများ၊ စစ်ထွက်များကို နေရာပေးခန့်အပ်လေ့ရှိသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

    ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

    RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

    ” တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    Red News Agency

  • စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

    စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

    RNA_ဇူလိုင် ၁၅၊၂၀၂၂ခုနှစ်။

    ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာနှင့်မခေခမ်းရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို ဇူလိုင်လ ၁၄ ရက်နေ့က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ )၊ အင်း PDF ၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့မှ RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ” ပူးပေါင်းအဖွဲ့များမှ ရန်သူတို့၏ ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရန်သူစကစ ( ၁၁ ) ဦးထက်မနည်းသေဆုံးခဲ့ပါသည်” ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ကင်းစခန်းများကို ရှမ်း-ကယား အစပ်တွင် နေ့စဉ်နီးပါးတိုက်ခိုက်ခံနေရကြောင်း၊ ကရင်နီပြည် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များကလည်း နေစဉ်နီးပါးတိုက်ခိုက်နေကြောင်း သိရသည်။

    Red News Agency

  • တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

    တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

    RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။

    အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အ​ပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    “ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်” ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် “စစ်ပွဲဧရိယာ” တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။

    ဓာတ်ပုံ : နှင်းရိပ်နွေ

    Red News Agency

  • ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

    ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

    သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။

    (more…)

  • “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။

    KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် “ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။

    အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=FIRRJxoS_fs[/embedyt]

    ” စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်” ဟု PDF ရဲဘော်တဦးက ပြောသည်။

    ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို KNLA၊KNDO၊PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် (၅) ရက်ရှိပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေယာဉ်ပစ်ကူ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံး ပိုများနေကြောင်း သိရသည်။

    ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံနေရာတွင် တည်ရှိကြောင်း သိရသည်။

    Red News Agency

  • တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    ” စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်”  

    *****************************

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။

    RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။

    TZA ။ တော်လှန်ရေးတစ်ခုမှာ စစ်ရေးနဲ့ နိုင်ငံရေးမျှခြေရှိပါတယ်။ ဒီနှစ်ခုက ဆုံမှတ်ရောက်သွားရင် တော်လှန်ရေးက အောင်ကို အောင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ပြည်သူလူထုပါဝင်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ကို ရွေးချယ်ခဲ့တာ။ အခုချိန်ထိလည်း ပြည်သူလူထုကြီး တောင့်ခံပြီး အာဏာရှင်ကို တွန်းလှန်နေဆဲပါ။ ဒါကြောင့် ဒီတော်လှန်ရေးက နိုင်ကို နိုင်ရမယ်။

    (more…)

  • ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာသော်ကို နံနက်ဖန် နံနက် ၄ နာရီ ကြိုးပေးမည်ဟု သိရ 

    RNA_ဇွန် ၁၅၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုထားသည့် ၈၈ မျိူဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်သားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ကို နံနက်ဖန် ( ဇွန်လ ၁၆ ရက်) နံနက် (၄) နာရီ အင်းစိန်အကျဉ်းထောင်တွင် ကြိုးပေးမည်ဟု သိရသည်။

    ” အခု ဝန်ထမ်းတွေကြားမှာပြောနေကြတယ် မနက်ဖန် မနက်အစောကြီး ၄ နာရီတဲ့။ ကြိုးပေးဖို့ စံသိန်းနဲ့ ဝင်းအောင်ရွေးချယ်ထားတယ်ပြောတယ်၊ ကျနော်သာလုပ်ခိုင်းရင် မလုပ်ပါဘူးဗျာ” ဟု အင်းစိန်အကျဉ်းထောက်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းတဦးက ‌Red News Agency ကို ပြောသည်။

    စစ်ကောင်စီက သေဒဏ်အတည်ပြုသည့်ကိစ္စ တကမ္ဘာလုံးက ကန့်ကွတ်နေကြောင်း၊ စစ်ကောင်စီ အကောင်အထည်ဖော်ပါက လက်တုန့်ပြန်သွားမည်ဟု လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးနှင့် ပြောက်ကျား တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

    Red News Agency

  • ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

    ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

    RNA_‌မတ်၃၊၂၀၂၂ခုနှစ်။

    မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။

    Photo: KGY

    စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    RNA_၂၈၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာကို စစ်ကောင်စီတပ် ဝင်စီးပြီးနောက် အနီးအနားဝန်းကျင်မှာ ပြည်သူ (၉) ဦးကို သတ်သွားပြီး၊ (၃) ဦးကိုဖမ်းကာ ဆိုင်ကယ် (၅၉)စီးနှင့် ကား ၄ စီး၊ နေအိမ် (၅) လုံးမီးရှို့ကာ ဘုန်းတော်ကြီးကျောင်းက ကွန်ပျူတာကို ဖျက်ဆီးသွားကြောင်း သိရသည်။

    “တပ်တွေက ဒီနေ့ထွက်သွားပြီ၊ အနီးဝန်းကျင်မှာ အလောင်း (၉) လောင်းတွေ့တယ်၊ ၂ လောင်းက နယ်ဝေးက၊ ဆိုင်ကယ် ၆၀ ပြောပါတော့ ၅၉ စီးမီးရှို့တယ် နေအိမ် ၅ လုံးပြာကျသွားတယ်။ ၃ ယောက်ကို လေယာဉ်နဲ့ခေါ်သွားတယ် ဖမ်းတာပေါ့၊ အခုတော့ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ၊ လောလောဆယ် ဒါပဲ သိရသေးတယ်၊ ရွာထဲပိတ်မိနေတဲ့ ကလေးတွေက အခြေအနေကောင်းပါတယ်” ဟု ယင်းမာပင်မြို့နယ်အခြေစိုက် ရိုက်မဖိုက်တာအဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

    PDF သင်တန်းဆင်းပွဲရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေယာဉ်နှင့်ရောက်ရှိလာပြီး ပစ်ခတ်ကာ ချင်းပုံးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝင်စီးပြီး တရွာလုံးကို ပိတ်ဆို့ခဲ့ကြောင်း၊ ယနေ့ မှသာ စစ်ကောင်စီတပ်များ ကျေးရွာကထွက်သွားကြောင်း သိရသည်။

    RedNewsAgency