၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ထုတ်ခံထားရပြီး ဖမ်းဆီးမရသူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို သိမ်းဆည်းရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် တရားရုံးက ပြုလုပ်နေကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ၅၀၅ (က) တပ်ခံထားရသူများ၏ နေထိုင်ခဲ့သည့် အိမ်များတွင် တရားရုံးမှ အမှုရင်ဆိုင်ရန် အကြောင်းကြားစာများ ရောက်ရှိလာခဲ့ကြောင်း၊ လာရောက်ရန် ပျက်ကွက်ပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်ကြောင်းစသည့် ဝရမ်းစွဲကပ်ရန် အမိန့်စာများ ဖြန့်ထားသည်ဟု သိရသည်။

” အကြမ်းဖက်စစ်အုပ်စုက လူထုကို ရန်သူသဖွယ် ပြုမှုဆက်ဆံ​နေတာ ။ တိုင်းပြည်မှာ စစ်တပ်က ပြည်သူ လူထုရဲ့အသက်အိုးအိမ်စည်းစိမ်းကို ကာကွယ်​စောင့်​ရှောက်​ပေးရမဲ့အစား ဖျက်လိုဖျက်ဆီးနဲ့ ပြည်သူအ​ပေါ် ရက်စက် ယုတ်မာတာကို နည်းမျိုးစုံနဲ့ အသုံးပြု​နေတာ​၊ ခေတ်အဆက်ဆက် စစ်တပ်ဟာ အာဏာကိုပဲ ငမ်းငမ်းတက်ပြီး လူထုအ​ပေါ် မျက်နာမူခဲ့တဲ့လုပ်ရပ် တစ်ခုမှ မရှိခဲ့တာ၊ လူထုမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူမှု​ရေး စီးပွား​ရေး ကျန်မာ​ရေးစတဲ့ နစ်နာဆုံးရှုံးမှု​တွေက အများကြီး ဖြစ်​နေပြီ၊ ဒီထပ်ပိုဆုံးရှုံးစရာ အများကြီးမရှိ​တော့ဘူးဆို​တော့ ၊ ​တော်လှန်​ရေးက အား​လျော့စရာအ​ကြောင်းမရှိ​တော့ဘူး။ ထပ်လို ပိုတိုးပြီးသာ ခုခံ တွန်းလှန်လိုစိတ်​တွေ ပိုများလာနိုင်မှာ ။ စစ်တပ်က လူထုကို နည်းမျိုးစုံသုံး ယုတ်မာ​လေ ​တော်လှန်​ရေးသမား​တွေ ခုခံ​ရေး သမား​တွေ ပိုပိုပြသာ တိုးလာပါလိမ့်မယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် သပိတ်ကော်မတီမှ ရဲဘော်ဇူးက Red News Agency ကို ပြောသည်။

စစ်အာဏာရှင်စနစ်အလိုမရှိသည့်အတွက် နွေဦးတော်လှန်ရေးတွင် ပါဝင်ပြီး ဖမ်းဆီးခံရသူများနှင့် တရာစွဲခံထားရသူများ၊ ထွက်ပြေးတိမ်းရှောင်နေရသူများ၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီနှင့်အပေါင်းအပါများက မတရား သိမ်းဆည်းမှုများကို မြန်မာနိုင်ငံအနှံ့ပြုလုပ်နေကြောင်း၊ မတရား ဖမ်းဆီး သတ်ဖြတ် နေသည့်ကြားက စစ်အာဏာရှင်ကို အလိုမရှိသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးအပါအဝင် နည်းမျိုးစုံဖြင့် ပြည်သူများက ဆန့်ကျင်နေကြသည်။

Red News Agency

By Editor