ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။

မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။

ရန်ကုန်မြို့တွင် စစ်ကောင်စီလက်အောက်ခံများက မြို့ပြပြောက်ကျားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို မကြာခဏ ခံနေရပြီး သေဆုံးမှုများနေသည့်အတွက် ဘန်ကာများအတွင်းမှ စောင့်ကြည့်ခြင်း၊ လုံခြုံရေးကင်းလှည့်စဉ် အင်အားအများအပြားပါဝင်သည့် ကားတန်းများဖြင့်သာ သွားလာနေကြရသည်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ လုံခြုံရေးတင်းကြပ်ပြီး သေနတ်ကိုင်ဆောင်ထားသည့်ကြားမှ မကြာခဏ သုတ်သင်ခံနေကြရကြောင်း၊ စစ်ကောင်သတင်းပေးနှင့် လက်အောက်ခံအပေါင်းအပါများမှာ နေ့နေ့ညည ထိတ်လန့်နေကြရသည်။

Red News Agency

By Editor