စစ်ကောင်စီတပ်

ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ "လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်" ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့…
Read More
စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

RNA_ဇူလိုင်၂၇၊၂၀၂၂ခုနှစ်။ ယနေ့ရန်ကုန်မြို့ တနေရာ၌ လူငယ်များသမဂ္ဂ - ဗဟို နှင့် လူငယ်များမဂ္ဂ - ပုသိမ်တို့ ပူးပေါင်းပြီး "တရားတဲ့သူသာ နိုင်ကြေးဟေ့" စာသားပါ စာတန်းအားကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ကာ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။ " အိမ်စီးကားနဲ့ ဝင်တိုက်တာအကို။ လမ်းက အကွေ့ဆိုတော့ ပြင်းအားမပါဘူးဖြစ်သွားတယ်။ တိုက်ပြီး ဆင်းဖမ်းတယ် ။ ကျွန်တော်တို့ အပြေးမြန်လို့ လွတ်လာတာ။ သူတို့သဘောကတော့ သေစေချင်တဲ့သဘော ထားရှိမယ်ထင်တယ်။ မသေရင်လည်း ဖမ်းမယ်ပေါ့ သူတို့က နည်းစုံနဲ့ ယုတ်မာတာပေါ့ဗျာ" ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သည့် လူငယ်များသမဂ္ဂ -ဗဟို ဥက္ကဌ ကိုဇော်ထက်က Red News Agency သို့ ပြောကြားထားသည်။ ရန်ကုန်မြို့တွင်း…
Read More
မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။ " ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊…
Read More
စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီး (၆) ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ် 

RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် အရာအားလုံးကို တက်မြောက်ထားသည်ဟု ယူဆချက်အရ ဒုတိယဗိုလ်မှူးကြီး ၆ ဦးကို ဗဟိုဘဏ် ဒုတိယညွှန်ကြား‌ရေး မှူးများအဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီတပ် ဒုတိယဗိုလ်မှူးကြီးသာမိုး၊ ဒုတိယဗိုလ်မှူးကြီး ရာဇာလင်း၊ ဒုတိယဗိုလ်မှူးကြီး သာထူးဝင်း၊ ဒုတိယဗိုလ်မှူးကြီး ကြည်ရအောင်၊ ဒုတိယဗိုလ်မှူးကြီး ထွန်းအောင်ဖြိုး၊ ဒုတိယဗိုလ်မှူးကြီး ဇော်ဝင်းထွန်းတို့ကို ဇွန်လ (၆) ရက်နေ့ကတည်းက ခန့် ထားသည်။ စစ်ကောင်စီတပ် စစ်သားများသည် တိုက်ခိုက် ရေး (စစ်ဘက်ရေးရာ) ဘက်တွင် ကျွမ်းကျင်မှုမရှိသည့်အတွက် တိုက်ပွဲတိုင်းနီးပါးတွင် အသေအဆုံးများနေကြာင်း၊ စီးပွားရေးဘက်တွင် ထူးချွန်မှုမရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စစ်တပ်အုပ်ချုပ်သည့် ကာလတိုင်း အရပ်ဘက်ဌာနဆိုင်ရာများ၊ပြည်ထဲရေး၊ အုပ်ချုပ်ရေးမှူး၊ မီးသတ်အထိ…
Read More
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်"ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News…
Read More
စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPGနှင့် ပစ်ခတ်တိုက်ခိုက်

RNA_ဇူလိုင် ၁၅၊၂၀၂၂ခုနှစ်။ ဖယ်ခုံမြို့နယ် ၊ ပိန္နဲကုန်းရွာနှင့်မခေခမ်းရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ် ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို ဇူလိုင်လ ၁၄ ရက်နေ့က အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့၊ ဖယ်ခုံ PDF တပ်ရင်း ( ၂ )၊ အင်း PDF ၊ နေပြည်တော် PDF ပူးပေါင်းအဖွဲ့တို့မှ RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ " ပူးပေါင်းအဖွဲ့များမှ ရန်သူတို့၏ ဆက်သွယ်ရေးစက်အထိုင်ချထားသည့်နေရာနှင့်ရိက္ခာဂိုဒေါင်များကို RPG နှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်၊ ပူးပေါင်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရန်သူစကစ ( ၁၁ ) ဦးထက်မနည်းသေဆုံးခဲ့ပါသည်" ဟု အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် စစ်ကြောင်းများ၊ ကင်းစခန်းများကို ရှမ်း-ကယား အစပ်တွင် နေ့စဉ်နီးပါးတိုက်ခိုက်ခံနေရကြောင်း၊…
Read More
တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

တောင်ရွာသစ်ကျေးရွာမှ ပြည်သူတချို့ကို စစ်ကောင်စီတပ်နှင့်ပျူစောထီးများ သတ်ဖြတ် 

RNA_ဇူလိုင် ၁၄၊၂၀၂၂ခုနှစ်။ အင်တာနက်ဖြတ်တောက်ခံထားရသည့်စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ကန့်ဒေါင့်အုပ်စု၊တောင်ရွာသစ်ကျေးရွာမှ အ​ပြစ်မဲ့ကျေးရွာသူရွာသားတချို့ကို ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သတ်ဖြတ်သွားကြောင်း သိရသည်။ "ဆက်သွယ်ရေးဆိုးဆိုးဝါးဝါးအဖြတ်ခံထားရလို့ မီဒီယာမှာမပေါက်ရောက်တဲ့ခုလိုဖြစ်ရပ်တွေ ကျနော်တို့စစ်ကိုင်းမှာ အများကြီးပါ။ ကျနော်တို့ကိုယ်တိုင်ရိုက်ယူလာကြလို့သာ သိရတာပါ။2Gအင်တာနက်လေး ရဖို့ဆိုရင်တောင် ခွေးတွေနဲ့မလှမ်းမကမ်း(ဒါမှမဟုတ်) တောင်ကြိုတောင်ကြားတစ်နေရာ၊တစ်ခါတလေ တခြားမြို့နယ်ထိ ထွက်ရပါတယ်" ဟု တော်လှန်ရေးရဲဘော် ကဗျာဆရာ နှင်းရိပ်နွေက လူမှုကွန်ယက်မှတဆင့် အသိပေးထားသည်။ ကဗျာဆရာ နှင်းရိပ်နွေ ရေးသားထားသည့် "စစ်ပွဲဧရိယာ" တော်လှန်ရေးကဗျာစာအုပ် (E-Book) ကို ရောင်းချနေပြီး လူမသိသူမသိဒုက္ခရောက်နေတဲ့ပြည်သူတွေသည့် မြေပြင်မှာအသက်ပေးတော်လှန်နေရပြီး နာမည်ယူရကောင်းမှန်းမသိသူများ ၊ မီဒီယာပေါ်မရောက်သည့်အတွက် နာမည်မရသည့်အဖွဲ့အစည်းတွေကို ပိုကူနိုင်ဖို့အတွက် ရောင်းချနေကြောင်း သိရသည်။ Red News Agency
Read More
ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။ ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More