လေယာဉ်ပစ်ချခံရ

စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

စစ်ကောင်စီတိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့က ပစ်ချ

RNA_ဇူလိုင်(၃)၊၂၀၂၅ခုနှစ်။ ကရင်နီပြည်၊ ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ရန်လာသော စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ပစ်ချနိုင်ခဲ့သည်ဟု KNDF ကသတင်းထုတ်ပြန်လိုက်သည်။ ဖားဆောင်းမြို့တိုက်ပွဲသို့ ဇူလိုင်လ (၂) ရက်နေ့ နံနက် (၁) နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်ရန် လာသော စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ် (၄) စင်းကို ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးအဖွဲ့များက တန်ပြန်တိုက်ခိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့သည့်အတွက် ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖားဆောင်းမြို့အနီးအနားတွင် ပစ်ချခံရသော လေယာဉ်ကိုယ်ထည် အပျက် အစီးများနှင့်အတူ လေယာဉ်မှူး (၂) ဦး၏ ရုပ်အလောင်း အပိုင်းအစများကိုပါ တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More
စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ "လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်" ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့…
Read More