မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

” ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊ တကယ်ကြီး စိတ်​ကောင်းရှိပြီး လူသားဆန်တယ်၊ လူ​တွေကို ကူညီတက်တဲ့ ပရဟိတစိတ်ရှိတဲ့လူပါ၊ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်ရတယ်၊ မိသားစုက သေတယ်ဆိုတာပဲသိရတာ အလောင်းတောင်မမြင်လိုက်ရဘူး ကြားတယ် ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူ တဦးက ပြောသည်။

မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူးမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ကြီးမားသောရောဂါမရှိကြောင်း၊ ကိုလှထူး၏ ရုပ်အလောင်းကို မိသားစုက တွေ့မြင်ခွင့်မရရှိလိုက်ရကြောင်း၊ စစ်ကောင်စီတပ်က သင်္ဂြိလ်လိုက်ပြီဟု မိသားစုကိုပြောထားကြောင်း သိရသည်။

Red News Agency

By Editor