Red News Agency

Independent Journalism for Justice and Human Rights.

စစ်ကောင်စီတပ်က ကျေးရွာ (၂) ရွာမှ နေအိမ်အဆောက်အဦ (၁၃၉) လုံးနှင့် စပါးများကို မီးရှို့ဖျက်ဆီး

Written by

in

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။
 
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် (အနောက်ခြမ်း) ရွာဟောင်းရွာနှင့် သဲကောရွာအတွင်း စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က စစ်ကြောင်းထိုးပြီး နေအိမ်အဆောက်အဦ ( ၁၃၉) လုံးနှင့် ရိတ်သိမ်းပြီး စပါးများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
 
စစ်ကောင်စီတပ်သည် ကောလင်းမြို့နယ် အနောက်ခြမ်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေပြီး တရွာဝင် တရွာထွက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ဒေသခံ ပြည်သူများ စစ်ကြောင်းနှင့်မတွေ့စေရန် အနီးအနားကျေးရွာများအတွင်း သွားရောက်ရှောင်တိမ်းနေကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ်သည် နယ်မြေအတွင်းလှည့်လည်ကာ ကျေးရွာများကို ဝင်စီးပြီး တွေ့ရှိသည့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
 
#RedNewsAgency