ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ

RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။
 
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း ယနေ့ နေ့လည် ၂ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
 
ပထမအကြိမ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲစဉ်တွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ကချင်ကတ်သောလစ်အသင်းတော် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲစဉ်တွင် ဘုရားကျောင်းမှ ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သည်။

စစ်ကောင်စီ စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရသူများကို လူမှုရေးအသင်းအဖွဲ့များက ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
 
ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီ စစ်တပ်နှင့် KPDF တို့ ယခုရက်သတ္တပတ်အတွင်း ရှောင်တခင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အချုပ်ထောင်အတွင်းမှ စစ်ကောင်စီအဖွဲ့ဝင်များက လက်နက်ကြီးဖြင့် အရပ်လေးမျက်နှာသို့ရမ်းသမ်းပစ်ခတ်ခဲ့မှုများလည်း ရှိသည်။
 
#RedNewsAgency
By Editor