လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၁)၊၂၀၂၂ ခုနှစ်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ဦးကွန်ဂျာနော် အသက် (၅၂) နှစ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီစစ်တပ်က ဒီဇင်ဘာလ (၃၀) ရက်နေ့က အရပ်လေးမျက်နှာကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်သည့်အတွက် ဆန်ခါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၆) ဦးထိမှန်ခဲ့ရာ တဦးသေဆုံးသွားခြင်း ဖြစ်သည်။

ဆန်ခါကျေးရွာအတွင်း ပထမအကြိမ် ကျရောက် ပေါက်ကွဲစဉ်တွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ကချင်ကတ်သောလစ်အသင်းတော် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲစဉ်တွင် ဘုရားကျောင်းမှ ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်သည်။

ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီ စစ်တပ်နှင့် KPDF တို့ ယခုရက်သတ္တပတ်အတွင်း ရှောင်တခင် တိုက်ပွဲများ ဖြစ်ပွားနေပြီး အချုပ်ထောင်အတွင်းမှ စစ်ကောင်စီအဖွဲ့ဝင်များက လက်နက်ကြီးဖြင့် အရပ်လေးမျက်နှာသို့ရမ်းသမ်းပစ်ခတ်ခဲ့မှုများလည်း ရှိသည်။

#RedNewsAgency

https://www.youtube.com/@rednewsmm/community

By Editor