စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။

PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force – Kalay Kabaw Gangaw – CDF- KKG က ထုတ်ပြန်ထားသည်။

PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊ ထူးကြီး PDF ဟု ညှဉ်းပမ်းနှိပ်စက်ခံနေရသည့်ကြားမှ ဖြေနေရသည့်အတွက် Red News Agency အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ထူးကြီး PDF ဖြစ်မည်ဆိုပါကစစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်တိုက်နယ်၊ ထူးကြီးကျေးရွာတည်ရှိကြောင်း၊ ယင်းဒေသတဝိုက် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ရုပ်သံအား ကြည့်ရှုရန် နှိပ်ပါ

#RedNewsAgency

By Editor