စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည်

ဇော်နိုင်

နေပြည်တော်မှသည် ကျေးလက်တောရွာအလယ် ရန်ကုန်မြို့တော်အဆုံး တနိုင်ငံလုံးနီးပါးရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများ၊ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များသည် ဒီမိုကရေစီရေးအင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများကို ကြောက်အားပိုနေရသည့်အနေအထားဖြစ်နေသည်။

ကျေးလက်တောရွာများတွင် စစ်ကောင်စီလက်အောက်ခံများကို လက်နက်များတပ်ဆင်ကာ ပျူစောထီးအဖွဲ့များရှိသော်လည်း အချိန်ပြည့် ကြောက်လန့်နေရသည့်အနေအထားဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မမြေအထိ တော်လှန်ရေးတပ်သားများက အခွင့်ရတိုင်းတိုက်ခိုက်နေသည့်အတွက် နေပြည်တော်က စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများမှာလည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေထိုင်ရသည်။ တနိုင်ငံလုံးမှာ အကြီးဆုံးမြို့ဖြစ်သည့် မဟာရန်ကုန်တွင်ကား ထင်ရာစိုင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို နေ့စဉ်နှင့်အမျှ ဆုံးမနေကြသည့်အတွက် အခိုင်အမာ အကာအရံများ၊ လက်နက်ကိုင် အကာအရံများ၊ လက်နက်ရှိယုံမျှဖြင့် မလုံခြုံတော့သည့် အုပ်ချုပ်ရေးမှူးအဖွဲ့များသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်တုန်လှုပ်နေကြရသည်။

ရန်ကုန်မြို့ ပြည်သူပိုင်နေရာများတွင် စစ်ကောင်စီလက်အောက်ခံများသည် အတင်းအဓမ္မနေရာယူထားပြီး အတားအဆီးအခိုင်အမာနှင့် ခြံရံမှုများပြုလုပ်ကာ စစ်အာဏာရှင်တို့၏ အမိန့်များကိုနာခံကာ ပြည်သူများကို အချိန်ပြည့် သေနတ်ဖြင့် ချိန်ထားကြသည်။ စိတ်အခန့်မသင့်ရင်ဖြင့် PDF စွပ်စွဲကာ ဖမ်းဆီးမှုများ ပစ်သတ်မှုများပါ ပြုလုပ်နေကြသည်။ ထို့ကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ ဘယ်နေရာ သွားသွား ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ အမြဲစိုးရိမ်ထိတ်လန့်နေကြရသည်။ အာဏာရှင်တို့သည်ကား လက်နက်အားကိုးဖြင့် ပြည်သူများကို အမြဲညှင်းပန်းနှိပ်စက်နေကြသည်။


အများပြည်သူများ အသွားအလာအသုံးပြုမှုများပြားသည့် ရန်ကုန်မြို့အလယ် မြို့တော်ခန်းမရှေ့မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲတွေအားကောင်းလာသည့် ၂၀၂​၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက လုံခြုံရေအကြောင်းပြချက်နှင့် ဆံဆူးကြိုးအပါအဝင် အတားအဆီးများ ကာရံထားပြီးဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားခဲ့သည်။ ရန်ကုန်မြို့ရှိ ရဲစခန်းများ ထွေအုပ်ရုံးများ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင်လည်း အခြံအရံအတားအဆီးများ ပြုလုပ်ထားကြသည်။ ညပိုင်းတွင်လည်း ယာဉ်သွားလမ်းတစ်ခြမ်းစာအထိ နေရာယူပြီး ပိတ်ပင်ထားမှုများပင် ရှိနေသည်။

ညပိုင်းအချိန် လမ်းတဝက်လောက်ထိ အကာအရံများချထားပြီး လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည်။ ယခင်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၊ ဆူးလေဘုရားအနီး ကားမှတ်တိုင်နှင့် မဟာဗန္ဓုလပန်းခြံကြားရှိ မြေကွက်လပ်တွင် အများပြည်သူများ ပျော်ပွဲရွှင်ပွဲများ စျေးရောင်းချမှုများ ညပိုင်း စကိတ်စီးခြင်း၊ အနားယူကာ စကားပြောချင်းများ ပြုလုပ်နိုင်သည့်နေရာကိုလည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ခြံခတ်ကာ လုံခြုံရေးအစောင့်များ ပြည်သူများကို အချိန်ပြည့် သေနတ်ဖြင့် ချိန်ထားနိုင်ရန် ဆောက်လုပ်ထားကြပြီဖြစ်သည်။

ဆူးလေဘုရားလမ်း ကားမှတ်တိုင်သည် ယခင်က ရန်ကုန်တမြို့လုံး ကြိုက်သည့်နေရာရနိုင်သည့် ယာဉ်လိုင်းများဖြင့် စည်ကားနေသော်လည်း ယခုအခါ မြို့တော်ခန်းမရှေ့က ဆူးလေမှတ်တိုင်ကို အတင်းအဓမ္မဖျက်လိုက်ကြသည့်အတွက် အလုံ၊ သခင်မြပန်းခြံ ဘက်မှလားသည့် ခရီးသည်များသည် ရန်ကင်း မြောက်ဥက္ကလာဘက်ပြန်မည်ဆိုပါက အခက်ခဲများတွေ့နေကြရသည်။ လမ်း ၃၀ ကုန်စျေးတန်းနှင့် ပန်းဆိုးတန်းတို့မှတဆင့် ဆူးလေဘုရားအနီး မီးသတ်စခန်းရှေ့ ဆူးလေမှတ်တိုင်ကို လမ်းလျှောက်လာကြရသည့် အခက်အခဲများကို ကြုံတွေ့နေကြရသည်။

ရန်ကုန်မြို့၏ မြို့တော်ခန်းမရှေ့သည်ကား မြို့တွင်းခရီးသွားများအတွက် မဖြစ်မနေသွားရသည့်နေရာဖြစ်သည်၊ ယခုတော့ စိတ်အနှောက်အယှက်ဖြစ်ရာများနှင့် ပြည့်နှက်နေသည့် မသွားလာအပ်သည့်နေရာအလား ကြောက်လန့်နေရာသည့်နေရာဖြစ်နေသည်၊ မြို့တော်ခန်းမထဲတွင် လုံခြုံရေး ရယူထားသည့် လက်နက်ကိုင် စစ်ကောင်စီတပ်သားခြံရန်ပြီး ညနေပိုင်း အိမ်ပြန်ကြသည့် စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများသည်မှာလည်း ပြည်သူများအတွက် စိတ်အနှောက်အယှက်ဖြစ်စေပါသည်။ ဘာ့ကြောင့်များ စည်ပင်ဝင်ထမ်းများကို ပြည်သူများ စိတ်အနှောက်အယှက်ဖြစ်ကြသလဲဆိုသည်မှာ မဟာဗန္ဓုလပန်းခြံရှေ့ရှိ ပြည်သူပိုင်နေရကို ခြံခတ်ထားသည့် နေရာတွင် ရပ်ထားသည့် ကားကြီးများဖြင့် လက်နက်ကိုင်များခြံရံကာ ပြန်ကြခြင်းကြောင့် ဖြစ်သည်။ အခန့်မသင့်ပါက စည်ပင်ဝန်ထမ်းများကို လုံခြုံရေးယူပေးနေသည့် လက်နက်ကိုင်များက မသင်ကာသည်ဟုဆိုကာ ပြည်သူများကို ရန်ရှာခြင်းများပါ ပြုလုပ်နေကြခြင်းကြောင့် ဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များသည် မြို့တော်ခန်းမရှေ့အပါအဝင် အများပြည်သူပိုင်နေရာများကို အတင်းအဓမ္မ ခြံခတ် လုံခြုံရေးစောင့်တဲများဖြင့် ပြည်သူများကို နေ့စဉ်စောင့်ကြည့် သေနတ်ဖြင့်ချိန်ထားကြခြင်းဖြစ်သည်။ ယခုလို သေနတ်ဖြင့် လမ်းသွားလမ်းလာ ပြည်သူများကို အချိန်ပြည့်စောင့်ကြည့် ပစ်ခတ်ရန်အသင့်ဖြစ်နေမှုသည် ပြည်သူများအတွက် စိတ်အနှောက်အယှက် ကြီးမားစွာ ဖြစ်နေကြရသည်။ လက်နက်အင်အား လူအင်အားဖြင့် လက်နက်မဲ့ပြည်သူများကို အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံများ ဘာ့ကြောင့် ကြောက်အားပိုနေရသနည်း။ ပြည်သူများသည်ကား မတရားမှုကို လက်မခံနိုင်သည့်အတွက် ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာ တောင်းဆိုခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အဓမ္မဖမ်းဆီး ထောင်ချမှုများ၊ စစ်ကြောရေးတွင် သတ်ဖြတ်မှုများ၊ လမ်းမပေါ်တွင် ပစ်သတ်မှုများစွာကို ပြုလုပ်ခဲ့သည့်အတွက် ပြည်သူများကို ကြောက်နေကြသည်လား။

ရပ်ကွက်အုပ်ချုပ်ရေးမှူးအမည်ခံ စစ်ကောင်စီလက်အောက်ခံများသည်လည်း သေနတ်တလက်စီ ကိုင်ခွင့်ရထားပြီး တချို့မှာ သေနတ်တကားကားနှင့် ရမ်းကားချင်တိုင်း ရမ်းကားနေသည်။ တချို့ရမ်းကားမှုများအတွင်း ပြည်သူများကိုယ်စား တော်လှန်ရေးရဲဘော်များက ပစ်ခတ်သည့်အတွက် သေဆုံးမှုများရှိခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူးရုံးများတွင်လည်း အကာအရံများ အခြံအရံများနှင့် ရပ်ကွက်တွင်းနေပြည်သူများကို လက်နက်အင်အား လူအင်အားဖြင့် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ရန် ပြင်ဆင်နေကြသည်မှာ နေတိုင်းဖြစ်ပြီး ကြောက်လန့်နေသည်မှာ အချိန်တိုင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံများသည် ပြည်သူများအပေါ် မဟုတ်မမှန် စွပ်စွဲ လုပ်ကြံသတ်ဖြတ် နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းစသည့် အနိုင်ကျင့်မှုများကို လက်နက်အားကိုးဖြင့် အုပ်စုလိုက် ပြုလုပ်နေသည့်အတွက် တုန့်ပြန်လာသည့် လုပ်ရပ်များတွက် ကြောက်လန့်နေကြရသည်မှာကား ဓမ္မတာပင်ဖြစ်သည်။ အများပြည်သူကို သတ်ဖြတ်ထားသူများကာ ကောင်းစွာ အိပ်စက်ခြင်း၊ ကောင်းစွာ သွားလာခြင်းများမပြုလုပ်နိုင်သလို ပြည်သူများနှင့်အတူ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကား မည်သည့်အခါမှ ရတော့မည်မဟုတ်သလို အမြဲထိတ်လန့်တုန်လှုပ်နေကြရသည်။ မဟာရန်ကုန်မှာ စစ်ကောင်စီလက်အောက်ခံတွေ ကြောက်အားပိုနေရသည့်အပြင် နေပြည်တော်တခွင်နှင့်အခြားသော တိုင်းနှင့်ပြည်နယ်များတွင်လည်း စစ်ကောင်စီလက်အောက်ခံများ နေ့စဉ်နှင့်အမျှ သေဆုံးနေကြရသည်၊ ဆက်လက် သေဆုံကြအုံးမည်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကြောက်လန့်စွာနဲ့ သေဆုံးကြရမည့် စစ်ကောင်စီလက်အောက်ခံများ အမြန်ဆုံး တိုက်ထုတ်နိုင်မှသာ ပြည်သူများဘဝ စိုးရိမ်ထိတ်လန့်ခြင်း နေ့စဉ်သေနတ်ဖြင့် အချိန်ခံရခြင်း အပစ်ခံရခြင်းမှ အမြန်ဆုံးကင်းဝေးကြရမည်ဖြစ်သည်။ ဒီတော်လှန်ရေး အောင်မှသာ ဒီပြည်သူတွေ စိတ်ချမ်းသာကြရမည် ကိုယ်ကျန်းမာကြရမည် ဖြစ်သည်။

#RedNewsAgency

By Editor