စစ်ကောင်စီတပ်

စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

စစ်ကောင်တပ်သားများ စိတ်ဓာတ်ထိုးကျနေချိန် PDF ရဲဘော်များ စစ်မတိုက်ရ၍ စိတ်မရှည်ဖြစ်နေဟု NUG ပြည်ထဲရေးဝန်ကြီးပြော 

RNA_စက်တင်ဘာ ၁၄၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF )ရဲဘော်များမှာ စစ် မတိုက်ရ၍ စိတ်မရှည်ဖြစ်နေကြပြီး မနည်းထိမ်းထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။ " ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ထက်စစ်ရှိန်ပို့မြှင့်ပါမယ်။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေဆီမှာ တိုက်စွမ်အားဖြစ်တဲ့ လက်နက်တွေက အရင်နှစ်ကတပ်ဆင်ထားတာနဲ့ ဒီနှစ်ထပ်တပ်ဆင်ပေးနေတာနဲ့ပေါင်းရင် တိုက်စွမ်းအားက တိုးနေပါတယ် တိုက်စွမ်းရည်နဲ့စိတ်ဓာတ်မှာလည်း စကစဘက်မှာ ရှေ့တန်းသွားရတာ များလို့ ပင်ပန်းလို့ တပ်တွင်းမငြိမ်မသတ်မှုတွေဖြစ်ပြီး ပြည်သူ့ရင်ခွင် ခိုလုံတဲ့သူတွေ တစ်နေ့တစ်ခြား တိုးလာပြီး တိုက်ပွဲဝင်စိတ်ဓာတ် ထိုးကျနေချိန်PDF ရဲဘော်တွေက မတိုက်ရလို့ စိတ်မရှည်ဖြစ်ပြီး မနည်းထိမ်းထားရတယ်။ ဒါပေမယ့်မကြာစေရပါဘူး ရဲဘော်တို့ရဲ့တိုက်ပွဲဝင်စိတ်ဓာတ်တွေနဲ့ အတူ "ပြည်တော်ဝင်"…
Read More
စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီ - ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း…
Read More
ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

ဆက်ကြေးလာကောက်သည့် ပျူစောထီးများ ပစ်ခတ်ခံရသည့်အတွက် စစ်ကောင်စီတပ်သားများက ဈေးကိုမီးရှို့သွား

RNA_ဩဂုတ်၂၉ရက်၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပြင်ရှိ၊ ဘောလုံးကွင်းအနီးနံနက်ခင်းပျံကျစျေးကို ဆက်ကြေးလာကောက်သည့် ပျူစောထီးအဖွဲ့ဝင်များ ယနေ့ နံနက်ပိုင်းက ပစ်ခတ်ခံရသည့် ဈေးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် (၈) နာရီဝန်းကျင်က ပျူစောထီးအဖွဲ့များ ဈေးကို ဆက်ကြေးလာကောက်ချိန် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိသည်ဟု သတင်းထွက်ပေါ်နေသော်လည်း Red News Agency အနေဖြင့် အတည်မပြုနိုင်သေးကြောင်း၊ ပျူစောထီးများ ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ နံနက်ခင်းပျံကျဈေးကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်း ဖြစ်သည်။ Red News Agency
Read More
ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

ပြည်သူ(၂) ဦးကိုသတ်ပြီး နှမ်း တင်း ၃၀၀၀ နီးပါးနှင့် နေအိမ်အဆောက်အဦများကို မီးရှို့ 

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မောက်ရွာမှာ စခန်းချနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်က ယနေ့ နံနက် (၈) နာရီဝန်းကျင်က ရွာမှထွက်ခါနီး ပြည်သူ (၂) ဦးကိုသတ်ကာ လူနေအိမ် ၃၂ လုံး ၊နွားစာတိုက် ၈ လုံး၊ တောင်သူများ၏ နှမ်းအတင်းရေ ၃ ထောင်နီးပါး စသည်တို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယောကာကွယ်ရေးတပ် - YDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ Red News Agency
Read More
၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

၅၀၅ (က) ထုတ်ခံထားရသူများ၏ ပိုင်ဆိုင်မှုများကို သိမ်းရန် စစ်ကောင်စီလက်အောက်ခံ တရားရုံးမှ ပြုလုပ်နေ

RNA_ဩဂုတ်၂၈၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ထုတ်ခံထားရပြီး ဖမ်းဆီးမရသူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို သိမ်းဆည်းရန် စစ်ကောင်စီ လက်အောက်ခံ မြို့နယ် တရားရုံးက ပြုလုပ်နေကြောင်း သိရသည်။ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ၅၀၅ (က) တပ်ခံထားရသူများ၏ နေထိုင်ခဲ့သည့် အိမ်များတွင် တရားရုံးမှ အမှုရင်ဆိုင်ရန် အကြောင်းကြားစာများ ရောက်ရှိလာခဲ့ကြောင်း၊ လာရောက်ရန် ပျက်ကွက်ပါက ပိုင်ဆိုင်မှုများကို သိမ်းဆည်းမည်ဖြစ်ကြောင်းစသည့် ဝရမ်းစွဲကပ်ရန် အမိန့်စာများ ဖြန့်ထားသည်ဟု သိရသည်။ (more…)
Read More
ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

ချောင်းမရွာအနီး အမျိုးသား (၅) ဦးကို စစ်ကောင်စီတပ်သားများက သတ်ဖြတ်

RNA_ဩဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကောင်စီတပ်သားများ ဩဂုတ်၂၆ ရက်နေ့က ဝင်ရောက် စီးနင်းကာ ဒေသခံ အမျိုးသား (၅) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။ (more…)
Read More
ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

ရန်ကုန်မြို့ပေါ်က ကြောက်လန့်နေသည့် စစ်ကောင်စီလုံခြုံရေးများ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ မြန်မာနိုင်ငံ၏ လူဦးရေထူထပ်သည့် ရန်ကုန်မြို့ မြို့လည်တဝိုက်မှာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ သေနတ်ကိုင်လုံခြုံရေးများ ကြောက်လန့်နေသည့်အတွက် လုံခြုံရေးရယူစဉ် အခိုင်အမာအဆောက်အဦ ( ဘန်ကာ) များတည်ဆောက်ထားမှုကို ဩဂုတ်လအတွင်း Red News Agency က မှတ်တမ်း ရယူခဲ့သည်။ (more…)
Read More
စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။ ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။ "လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်" ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့…
Read More
စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

RNA_ဇူလိုင်၂၇၊၂၀၂၂ခုနှစ်။ ယနေ့ရန်ကုန်မြို့ တနေရာ၌ လူငယ်များသမဂ္ဂ - ဗဟို နှင့် လူငယ်များမဂ္ဂ - ပုသိမ်တို့ ပူးပေါင်းပြီး "တရားတဲ့သူသာ နိုင်ကြေးဟေ့" စာသားပါ စာတန်းအားကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ကာ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။ " အိမ်စီးကားနဲ့ ဝင်တိုက်တာအကို။ လမ်းက အကွေ့ဆိုတော့ ပြင်းအားမပါဘူးဖြစ်သွားတယ်။ တိုက်ပြီး ဆင်းဖမ်းတယ် ။ ကျွန်တော်တို့ အပြေးမြန်လို့ လွတ်လာတာ။ သူတို့သဘောကတော့ သေစေချင်တဲ့သဘော ထားရှိမယ်ထင်တယ်။ မသေရင်လည်း ဖမ်းမယ်ပေါ့ သူတို့က နည်းစုံနဲ့ ယုတ်မာတာပေါ့ဗျာ" ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သည့် လူငယ်များသမဂ္ဂ -ဗဟို ဥက္ကဌ ကိုဇော်ထက်က Red News Agency သို့ ပြောကြားထားသည်။ ရန်ကုန်မြို့တွင်း…
Read More