RNA_မေ(၁၇)၊၂၀၂၃ခုနှစ်။
ကယား(ကရင်နီ)ပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်းရှိ စောလုံကျေးရွာအား ယနေ့ နံနက် ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ် လေကြောင်းမှ လာရောက်ဗုံးကြဲသွားသည့်အတွက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး အမျိုးသား ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လေယာဉ်ဗုံးကျဲမှုကြောင့် ကျေးရွာ ဆေးပေးခန်း အဆောက်အဦး၂လုံး၊လူနေအိမ် ၆လုံး ပျက်ဆီးခဲ့ပါသည်။ဘုန်းကြီးကျောင်း တစ်ကျောင်း အနည်းငယ် ထိခိုက်ခဲ့ပါသည်” ဟု ဘောလခဲ PDF ကထုတ်ပြန်ထားသည်။



စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးကြဲမှုများကို ကရင်နီပြည်အတွင်း နေ့စဉ်နီးပါးလုပ်ဆောင်နေကြောင်း၊ ဘောလခဲခရိုင်အတွင်း ကျေးရွာများအား လေယာဉ်ဗုံးကြဲမှု (၃) ကြိမ်အထိရှိလာပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ဗုံးကြဲမှုကို ကာကွယ်ရန် အသင်ပြင်ထားကြရန် ဘော်လခဲ PDF က အသိပေးနှိုးဆော်ထားသည်။


#RedNewsAgency