Category: Uncategorized

  • M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    M7 People’s Defense Force ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ်(၂၀)တွင် ဖမ်းဆီးထား

    RNA_မတ်(၁၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက်၊ M7 People’s Defense Force တွင် ဘဏ္ဍာရေးမှူးတာဝန်ထမ်းဆောင်ခဲ့သော မင်းသွေးသစ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် (၂၀) တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

    M7 People’s Defense Force တွင် မင်းသွေးသစ် ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ယင်းမာပင်ခရိုင် တပ်ရင်း ၃၈ အဖြစ် တရားဝင် မဖြစ်သေးကြောင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၂၀ (YOMA YAR ZAR)မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၀) ရက်နေ့က ဖမ်းဆီးခဲ့သည့်အတွက် (၄) ပြည့်ပြီဟု မင်းသွေးသစ်နှင့် နီးစပ်သူ တစ်ဦးက ပြောပြထားသည်။

    (more…)

  • LGBT အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ စောဟန်နွေဦးစျာပန

    LGBT အရေးတက်ကြွလှုပ်ရှားသူ နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာမ စောဟန်နွေဦးစျာပန

    RNA_မတ်(၁၀)၊၂၀၂၅ ခုနှစ်။

    နိုင်ငံရေး အကျဉ်းသားဟောင်း စောဒယ်နီရယ်လင်းအောင် (ခ) LGBT အရေး တက်ကြွလှုပ်ရှားသူ၊ စာရေးဆရာမ စောဟန်နွေဦး (အသက် ၂၈ နှစ်)သည် မတ်လ (၉) ရက်နေ့ ညပိုင်းတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ယနေ့ နေ့လယ် (၂) နာရီက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တစ်နေရာတွင် စျာပနအခမ်းအနား ကျင်းပခဲ့သည်။

    #RedNewsAgency #REDNEWS #RNA

  • အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    အမ်းမြို့နယ်မှထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးခံရ

    RNA_ဇန်နဝါရီ(၅)၊၂၀၂၅ ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာ စခန်းတို့မှ ထွက်ပြေးလာသော စစ်ကောင်စီလက်အောက်ခံ (၁၁) ဦးအား လက်နက်ငယ် (၉) လက်နက်၊ ခဲယမ်းများနှင့်အတူ ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့က ချင်းကာကွယ်ရေးတပ် – အရှိုမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

    (more…)

  • ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

    ကန်ပက်လက် မြို့သိမ်းစတင်သည့်နေ့တွင် မြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ဆုတ်ခွါသွားဟု ကန်ပက်လက်ကောင်စီထုတ်ပြန်

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။

    ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေးကို ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်သည့်နေ့မှာပင် ကန်ပပ်လက်မြို့ပေါ် ဆပ်စွဲထားသော စကစနှင့် ရဲသားများသည် ပြည်သူများ၏ ညှိနှိုင်းပေးမှုဖြင့် မြို့မှ စွန့်ခွါသွားပြီဖြစ်ကြောင်း ကန်ပက်လက် ကောင်စီက ထုတ်ပြန်လိုက်သည်။

    #RedNewsAgency #RNA #REDNEWS

  • ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်

    ခလရ ၂၅၉ တပ်နှင့် ခလရ ၂၅၅ တပ်မှ တပ်သား (၂) ဦး လက်နက်နှင့်တကွ အလင်းဝင်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့ စက်မှုဇုန်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ၏ ခလရ ၂၅၉ တပ်မှ တပ်သား ပြည့်ဖြိုးအောင်နှင့် ပခုက္ကူမြို့နယ် မြောက်လူးကန်အထိုင်စခန်းရှိ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်မှ တပ်သား ကောင်းမင်းခန့်တို့သည် အောက်တိုဘာလ ၁၇ ရက်နေ့က သေနတ်၊ ကျည်တို့ ယူဆောင်လာပြီး ရေစကြိုတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Southern YSO PDF ထံ အလင်းဝင်ရောက်လာခဲ့သည်ဟု သိရသည်။

     

    #RedNewsAgency #RedNews #RNA

  • ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    ဖားကန့် သတင်းထောက် ဖမ်းဆီးခံထားရမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်

    နေ့စွဲ – ၂၃၊ ၁၀၊ ၂၀၂၄ ခုနှစ်။

    Red News Agency ၏ ဖားကန့်သတင်းထောက် ကိုတာလင်းမောင်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ဖားကန့်တိုက်နယ် တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။


    (more…)

  • အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။


    ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    အာဏာရှင်တွေကို အသက်သွင်းပြီး ချေးငွေနဲ့ နယ်ချဲ့နေတဲ့ တရုတ် 

    “တရုတ်ကတော့ စစ်ရေး နိုင်ငံရေးကို စီးပွားရေးနဲ့ ကစားပြီးတော့ နိုင်ငံတခုအပေါ်မှာ ချေးငွေနဲ့ ချုပ်ကိုင်ထိန်းချုပ်ဖို့ကြိုးစားနေတာ တကမ္ဘာလုံးအသိဖြစ်တယ်”

    ရန်ုနိုင်

    အာဏာသိမ်း စစ်ခေါင်းဆောင်တွေက နိုင်ငံဘဏ္ဍာကို စစ်ရေးမှာအသုံးချ မလောက်ငှတော့တဲ့အဆုံး တိုက်ပွဲတွေ ဆက်တိုက်ဖို့အတွက် တရုတ်ဆီက ချေးငွေရယူခဲ့ရင် ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုက ဘာတွေဖြစ်လာနိုင်လဲ…?

    အကြမ်းဖက် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် အဓိကမဟာမိတ် အင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ရုရှာနိုင်ငံကို သုံးကြိမ်တိုင် သွားရောက်ခဲ့တဲ့အတွင်း ၂၀၂၂ ခုနှစ်မှာ ရုရှားသမ္မတ ပူတင်နဲ့တွေ့ခွင့်ရထားခဲ့တယ်။ အခုတော့ ရုရှားကို သွားခွင့်မရတော့တဲ့အဆုံး နိုဝင်ဘာလအတွင်း စစ်ကောင်စီအတွက် မဟာမိတ်အင်အားကြီး နိုင်ငံတခုဖြစ်တဲ့ တရုတ်နိုင်ငံကိုသွားမယ် ဆိုတဲ့ ခရီးစဉ်ဖြစ်ပါတယ်။

    တရုတ်နိုင်ငံကတော့ မြန်မာပြည်သူတွေအပေါ်  စစ်တပ်အကြမ်းဖက်နေချိန်မှာ နှုတ်ဆိတ်နေလေ့ရှိတယ်။ မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကြောင့် စစ်ကောင်စီ ခြေမကိုင်မိ လက်မကိုင်မိဖြစ်လာချိန်မှာတော့ ညီနောင်တပ်ဖွဲ့ တွေ ထိုးစစ်ရပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးလာခဲ့တယ်။ မြန်မာပြည်တွင်းမှာ အကျိုးစီးပွားအမြောက်အများ ရှိနေပေမယ့် မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို အလေးထားလေ့မရှိတဲ့ တရုတ်အစိုးရက စစ်ခေါင်းဆောင်တွေအပေါ် မည်သို့သော ကတိကဝတ်တွေ ရှိနေနိုင်လဲဆိုတာ မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။

    (more…)

  • သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    သီပေါမြို့သိမ်းတိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၁၆)၊၂၀၂၄ခုနှစ်။

    ရှမ်းမြောက်၊ သီပေါမြို့သိမ်းပိုက်နိုင်ရေး တိုက်ပွဲ (၂) လကျော်ကြာအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဖာလက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရသည်။


    သီပေါမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ (၂)လကျော်အကြာ အောက်တိုဘာ ၁၃ ရက်နေ့ထိ စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု အောက်တိုဘာ ၁၅ ရက်နေ့တွင် TNLA ကထုတ်ပြန်ထားသည်။

    (more…)

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၂၀) ဦးဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိ

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၂၀) ဦးဖမ်းဆီးရရှိမှုနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ၊ မူးယစ်ဆေးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိ

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၇၀) ခန့်သေဆုံးပြီး (၂၇၅) ဦးပျောက်ဆုံးကာ အလင်းဝင််််််ခဲ့သူ (၄၈) ရှိပြီး စစ်သုံ့ပန်း (၁၀၂) ဦးနှင့်အတူ လက်နက်ခဲယမ်းအမြောက်အများ၊ မူးယစ်ဆေးဝါးနှင့် ကျောက်စိမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    (more…)