RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရန် အပစ်ရပ်ပြောနေစဉ် လူသားမဆန်သည့် စစ်ကောင်စီတပ်သားများကြောင့် ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်တပ်မတော် – BLPA) မှ တပ်စုမှူး ရဲဘော်ကျော်မျိုးသူ (ခ) ကျော်ကြီး ဇွန်လ ၁၉ ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
ရဲဘော်ကျော်ကြီးသည် လူသားစာနာမှုဆိုသည့်အပိုင်းကို အတော်ယုံကြည်သည့် ရဲဘော်ဖြစ်ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများကို လက်နက်ချရန် အပစ်ရပ်ပြောနေစဉ် ရန်သူက ရန်သူပီသစွာနဲ့ လူသားမဆန်သည့်အတွက် ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ယင်းမာပင်ခရိုင် အမှတ်(၁၁) တပ်ရင်း (ကျားသစ်နက်တပ်မတော် – BLPA) တာဝန်ခံ ရဲဘော်ဥက္ကာကပြောထားသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA ၏ ကွပ်ကဲမှုဖြင့် ကျားသစ်နက်တပ်မတော်(BLPA) အပါအဝင် ABSDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဇွန်လ (၂) ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ကြပြီး (၁၈) ရက်အကြာ ဇွန်လ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲ စစ်ဆင်ရေးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA #AhNyar