အသက် ၇၀ ကျော်

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။ (more…)
Read More