ထားဝယ်ခရိုင်

လောင်းလုံ ဒေသခံများ ရေဘေးနှင့် မြေပြိုမှုများ ကြုံနေရချိန် စစ်အုပ်စုက စစ်ကြောင်းထိုး

လောင်းလုံ ဒေသခံများ ရေဘေးနှင့် မြေပြိုမှုများ ကြုံနေရချိန် စစ်အုပ်စုက စစ်ကြောင်းထိုး

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၌ ဒေသခံပြည်သူများ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရချိန် စစ်အုပ်စုက ကူညီကယ်ဆယ်ရေးအကြောင်းပြကာ စစ်ကြောင်းထိုးမှုများရှိနေကြောင်း ထားဝယ်အမျိုးသား အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ကိုယောနသံက Red News Agency ကို ပြောသည်။ ထားဝယ်ခရိုင် လောင်းလုံမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်တို့၌ ရေကြီးရေလျှံမှုနှင့် တောင်ပြို/မြေပြိုမှုများ ဆိုးဆိုးရွားရွား ကြုံတွေ့နေရခြင်းဖြစ်ပြီး ကျေးရွာပေါင်း (၆၀) ကျော်မှ နေအိမ် (၅၀) ကျော်နှင့် လမ်းတံတား အဆောက်အအုံများ (၁၀) ခုထက်မနည်း ထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။ ထို့ပြင် လောင်းလုံမြို့နယ် ကရင်ကြီးရွာ၌လည်း စက်တင်ဘာ (၂၆) ရက်နှင့် ယနေ့ (စက်တင်ဘာ ၂၈…
Read More
ထားဝယ် ရေကြီး၊ တောင်ပြိုမှုအတွင်း သေဆုံးသူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေ

ထားဝယ် ရေကြီး၊ တောင်ပြိုမှုအတွင်း သေဆုံးသူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် တောင်ပြိုမှုများကြောင့် ဒေသတွင်းပြည်သူ (၁၃) ဦးအထိရှိလာပြီး (၃၀) ကျော် ပျောက်ဆုံးနေကြောင်း ထားဝယ်အမျိုးသားအဖွဲ့ချုပ် (TNF) က ယနေ့ (စက်တင်ဘာ ၂၈ ရက်) ထုတ်ပြန်ထားသည်။ ရေကြီးရေလျှံမှုနှင့် တောင်ပြိုမှုများကြောင့် လောင်းလုံမြို့နယ်မှ ဒေသခံပြည်သူ (၁၀) ဦး၊ ထားဝယ်မြို့နယ်တွင် (၁၀) ဦး၊ သရက်ချောင်းမြို့နယ်တွင် (၁) ဦးတို့ သေဆုံးခဲ့ကြောင်း၊ ကျေးရွာပေါင်း (၆၀) ကျော် ရေနစ်မြုပ်မှုများရှိနေကြောင်း သိနေရသည်။ ယင်းဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသူ ၉၃၀) ကျော်ရှိနေပြီး နေအိမ် (၅၀) ထက်မနည်း ထိခိုက်ပျက်စီးကာ လမ်းတံတား (၁၀) ခုထက်မနည်း…
Read More
အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ အဓမ္မပြုကျင့်

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာခံ အသက် ၇၂ အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးမှ (၂) ရက်ဆက်တိုက် အဓမ္မပြုကျင့်သွားသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်) ထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက်မှ ဇွန်လ ၂၄ ရက်အထိ ကညုံကျွန်းရွာတွင် တပ်စွဲခဲ့ကြောင်း၊ စစ်ကြောင်းဝင်လာချိန် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ကုန်ကြသော်လည်း ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးကိုယ်တိုင် အသက်အရွယ် ကြီးရင့်ပြီဖြစ်သည့်အတွက် မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ နေကျန်ရစ်ခဲ့သည့်အချိန်တွင် အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ထုတ်ပြန်ထားသည်။ (more…)
Read More