Interview

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ (more…)
Read More
လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ (more…)
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။ " ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်" ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။ [embedyt] https://www.youtube.com/watch?v=1jIEtmGrA6U[/embedyt] " ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို…
Read More
စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

စစ်ကောင်စီတပ် ရခိုင်ပြည်နယ်အတွင်း ရှုံးမဲမဲနေဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

RNA_ဇူလိုင်၂၁၊၂၀၂၂ ခုနှစ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အသေအဆုံးနှင့် အရှင်ဖမ်းခံရမှုများကြောင့် ပြည်သူလူထုအပေါ် ရှုံးမဲမဲနေသည်ဟု က္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးတိုင်း ပြည်သူ လူထုအပေါ် အငြိုးအတေးကြီးများပြီး ရက်သက်သော လုပ်ရပ်များလုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာရှိနေပြီဖြစ်ကြောင်း၊ ရခိုပြည်နယ်အတွင်း ပြည်သူများအပေါ် စစ်ကောင်စီတပ်သည် ကုန်းလမ်း ရေလမ်း စစ်ဆေးရေးဂိတ်များဖွင့်ကာ ဖုန်း ဆိုင်ကယ် ကားများကို အကြောင်း အမျိုးမျိုးပြကာ စစ်ဆေးမှုများပြုလုပ်ပြီး လူဖမ်းပွဲကဲ့သို့ ညအချိန်မတော် ပြည်သူများကို အပြစ်မရှိ အပြစ်ရှာကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သိရသည်။ (more…)
Read More
ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

ကော်သူးလေတပ်မတော် ထပ်မံပေါ်‌ပေါက်လာသည်ကို KNLAနှင့် KNDO တို့က လက်မခံ

RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။ ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့် ကော်သူးလေတပ်မတော်ကို ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင့်အမျိုးသားကာကွယ်ရေးအဖွဲ့အစည်း(KNDO) အနေ ဖြင့် လုံးဝယုံကြည် လက်ခံမှုမပြုနိုင်ကြောင်း ယနေ့ထုတ်ပြန်ထားသည်။ ကော်သူးလေတပ်မတော်(Kawthoolei Armed Forces) သည် ၁၉၄၉ခုနှစ်၊ဇန်နဝါရီလ(၃၁)ရက်နေ့တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ် ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကိုပေါင်းစည်းပြီး ၁၉၅၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ နှစ်စဉ် ဇူလိုင်လ (၅) ရက်နေ့ရောက်တိုင်း ကရင်တော်လှန် ရေးအဖွဲ့များနှင့် ပြည်သူများက ကော်သူးလေတပ်မတော်နေ့ကို တရားဝင်နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပကြမြဲဖြစ်ကြောင်း သိရသည်။ (more…)
Read More
ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။ RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ…
Read More
စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ ရွေးကောက်ပွဲက တဆင့်ပြည်သူလူထုအပ်နှင်းထားသည့် အာဏာကို အဓမ္မလုယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း NLD က ယနေ့ ထုတ်ပြန်ထားသည်။ " အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း" ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း…
Read More
ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။ KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။ ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် - ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင်…
Read More
မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။ [embedyt] https://www.youtube.com/watch?v=Gb8ZrpoHSX8[/embedyt] Red News Agency
Read More