Tag: ၂၀၂၀ရွေးကောက်ပွဲNLDအနိုင်ရ

  • စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

    စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

    RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။

    ရွေးကောက်ပွဲက တဆင့်ပြည်သူလူထုအပ်နှင်းထားသည့် အာဏာကို အဓမ္မလုယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း NLD က ယနေ့ ထုတ်ပြန်ထားသည်။

    ” အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း” ယနေ့ ထုတ်ပြန်ထားသည်။

    ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း (၁၁၇၁) နယ်ရှိရာ (၁၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈,၂၇၁,၄၄၇) ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်တွင် (၂၇,၅၁၂,၈၅၅)ဦး၊ အမျိုးသားလွှတ်တော်တွင်(၂၇၄၉၅၅၅၅)ဦး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် (၃၀၄၅၉၁၁၃)ဦး၊ ရာခိုင်နှုန်းအားဖြင့် (၇၁)ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ခေါင်းဆောင်တစ်စုသည် ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

    Red News Agency

  • “မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

    “မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” ဟု ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ ပွင့်ဖြူမြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်

    ရိုက်ကူး- ဒီလှိုင်း ပွင့်ဖြူ၊ နိုဝင်ဘာ ၂၂ ရက်။

    ” မတရားသောနည်းဖြင့် အာဏာရယူဖို့ကြိုးစားသော အစိုးရ အလိုမရှိ အလိုမရှိ။ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ ပြုကျင့်မှုများအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ။ မဲလိမ်မဲခိုး အစိုးရအား အလိုမရှိ အလိုမရှိ ” စသဖြင့် ဆိုင်းဘုတ်ကိုင် ကြွေးကြော်ကာ စီတန်းလှည့်လည် လူအင်အား ၂၅၀ ကျော် ဝန်းကျင်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=6tcMYT31TK8[/embedyt]

    Red News Agency