ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က ဥကရစ်ထ စခန်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်

RNA_ဇူလိုင်၅၊၂၀၂၂ခုနှစ်။

KNDO အထူးကွန်မန်ဒိုတပ်ရင်း ဆင်ဖြူစစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)က စစ်ကောင်စီတပ် ဥကရစ်ထ စခန်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူသို့ အသိပေးချက် ယနေ့ ထုတ်ပြန်လိုပ်သည်။

ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

မြဝတီတောင်ဘက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းလျှက်ရှိသော ဆင်ဖြူစစ်ကြောင်းနှင့် ပတ်သက်၍ ပြည်သူသို့ အောက်ပါအတိုင်း တင်ပြအပ်ပါသည် –

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်၊ ဥကရစ်ထကျေးရွာ၌တည်ရှိသော ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိမိတို့ ဆင်ဖြူစစ်ကြောင်းမှ (၂၆.၆.၂၀၂၂)ရက်နေ့၊ နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ပါသည်။

KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိရာတွင် မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် လေးကေ့ကော်တိုက်ပွဲတွင် စစ်ကူအနေဖြင့် ပါဝင်တိုက်ခိုက်ခဲ့ခြင်းမှအစပြု၍ ဖလူးတိုက်ပွဲ၌ ဦးဆောင် တိုက်ပွဲဝင်ခဲ့ကာ အကြမ်းဖက်စစ်ကောင်စီစခန်းများဖြစ်သော မော်ခီးစခန်း၊ ဝေါလေ ရဲစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား ဆက်လက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂ဝ၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။ ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင် နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာ စစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ စစ်ကြောင်းမှူး ဗိုလ်မှူးစောဝင်းမြင့် ဦးဆောင်သော ဆင်ဖြူစစ်ကြောင်းနှင့်Venom စစ်ကြောင်းတို့သည် (၂၂.၆.၂၀၂၂)ရက်နေ့၊ ည (၁ဝးဝဝ)နာရီအချိန်မှစ၍ မိမိတို့စခန်းမှ ဥကရစ်ထစစ်ကောင်စီ ခြေကုတ်စခန်းအား တိုက်ခိုက်ရန် ထွက်ခွာခဲ့ပြီး (၂၆.၆.၂ဝ၂၂)ရက်နေ့၊ နံနက် (၄းဝဝ) နာရီအချိန်တွင် ဥကရစ်ထ စစ်ကောင်စီခြေကုတ်စခန်း အနားသို့ ရောက်ရှိကာ နံနက် (၅းဝဝ)နာရီအချိန်၌ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါသည်။

ထွက်ခွာချိန်အချိန် (၃)ရက်ကြာမြင့်ခဲ့ပြီး မိမိတို့ရဲဘော်များသည် လမ်းခရီး၌ သတ်မှတ်နေရာများတွင်နားခို၍ သိုသိပ်စွာဖြင့် ခရီးဆက်ကာစစ်ကောင်စီစခန်းအနီးသို့ ချဉ်းကပ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။

စစ်ကောင်စီဘက်မှ စက်လက်များ၊ 40 mm များဖြင့် ပစ်ခက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခက်တိုက်ခိုက်နေ့လည် (၁း၃၀)နာရီအချိန်တွင် မိမိတို့ဘက်မှ ထိခိုက်ကျဆုံးမှုရှိလာပြီး ကျည်နည်းပါးလာသည့်အတွက် မိမိ (ဆင်ဖြူစစ်ကြောင်း၊ KNDO အထူး ကွန်မန်ဒိုတပ်ရင်း၊တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောစလုံး) ထံသို့ တင်ပြရာတွင် နေ့လည်(၂းဝဝ)နာရီအချိန်တွင် KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့ စစ်ကူရောက်ရှိလာခဲ့ပါသည်။

ဆက်လက်ပြီး တိုက်ပွဲမှာပြင်းထန်လာခဲ့ပြီး ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းမှနေ၍ ခုခံမှုကောင်းများ ရှိနေသည့်အတွက် ညသန်းခေါင်းအချိန်တွင် ဗိုလ်ဒါဘော ဦးဆောင်သည့် Cobra စစ်ကြောင်းမှ စစ်ကူထပ်မံရောက်ရှိကာ တိုက်ခိုက်ခဲ့ပါသည်။

ထိုသို့ စခန်းတစ်ခုလုံးအား သိမ်းပိုက်နိုင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ရန်သူ့ဘက်မှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်း၊ ရဟတ်ယာဉ်များဖြင့် လက်နက်ကျည်ဆံများ လာရောက်ပို့ဆောင်ခြင်းများကြောင့် တိုက်ပွဲမှာဆက်လက်ပြင်းထန်နေခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်ကျ ဆုံးမှုများ၊ ဒဏ်ရာရသူများ တိုးလာပြီး ကျည်ဆံမလုံလောက်မှုများရှိလာပါသည်။

စစ်ကူလာရောက်သော Cobra စစ်ကြောင်း၌လည်း ကျဆုံးရဲဘော်များ ရှိလာပါသည်။ မိမိတို့ဘက်မှ ထိခိုက် ကျဆုံးမှုများရှိလာနေသော်လည်း ဆက်လက်တိုက်ခိုက်ခဲ့ပါသည်။ လိုအပ်မှုများအား ဖြည့်ဆည်းနိုင်ရန်အတွက် နောက်တန်းတွင်ကျန်ခဲ့သည့် ထောက်ပို့တပ်ဖွဲ့ဝင်များက ကြိုးစားခဲ့ကြပါသည်။

စစ်ကောင်စီခြေကုတ်စခန်းဘက်မှ အကျအဆုံးများပြားလွန်းလှသဖြင့် ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များဖြင့်အကြိမ်ရေများစွာ လာရောက်ပစ်ခက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ရာတွင် ယနေ့အထိဆိုပါက (၁၂၅) ကြိမ်တိုင် ရှိခဲ့ပြီ ဖြစ်ပါသည်။ (၂၈.၆.၂ဝ၂၂)ရက်နေ့ကလည်း လူတစ်ရပ်ခန့်မြင့်မားသော ဗုံးများ ကြဲချခဲ့ပါသည်။ တိုက်ပွဲစချိန်ကတည်းက(၃)မိုင်ခန့်သာ ဝေးကွာသည့် ဝေါလေဗျူဟာကုန်းမှ 120 mm ဖြင့် ပစ်ကူပေးခြင်း၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်များဖြင့်လာရောက်ပစ်ခက်ဗုံးကြဲခြင်းများကြောင့် ထပ်မံ၍ ကျဆုံးမှုများ ရှိလာခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီဘက်မှ စစ်ကူလာ

ရောက်သော တပ်မ (၄၄) စစ်ကြောင်းအား KNDO မှ ဗိုလ်အယ်စေးဝါးတို့အဖွဲ့နှင့် ပူးပေါင်းကာ အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါသည်။ သို့ရာတွင် တိုက်ပွဲရက် ကြာမြင့်လာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များလည်း ရှိလာခဲ့ပါသည်။

ဤအခြေအနေကို ကာကွယ်ရေးဝန်ကြီးဌာနသို့လည်း အစီရင်ခံတင်ပြထားရှိပြီး ဖြစ်ပါသည်။ တိုက်ပွဲကာလအတွင်းပြည်သူတို့၏ ပူးပေါင်းပါဝင်လှူဒါန်းမှုများကိုလည်း လက်ခံရရှိကာ လိုအပ်သော ကျည်များကို ဝယ်ယူအသုံးပြုခဲ့ပါသည်။ကူညီထောက်ပံ့လှူဒါန်းကြသော အလှူရှင်များအားလည်း ဂုဏ်ပြုမှတ်တမ်းလွှာများကို မိမိအနေဖြင့်လည်းကောင်း၊Unity PDF စခန်း တာဝန်ခံများအနေဖြင့်လည်းကောင်း ထုတ်ပေးလျှက်ရှိပါသည်။

လိုအပ်ချက်များအား ဝိုင်းဝန်းကူညီပံ့ပိုးမှသာလျှင် တော်လှန်ရေးခရီး အောင်မြင်မည်ဖြစ်ပြီး ယခုလက်ရှိ ဥကရစ်ထစစ်ကောင်စီခြေကုတ်စခန်းအားလည်းအမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်မည် ဖြစ်ပါသည်။

လက်ရှိအခြေအနေတွင်လည်း မြဝတီ-ဝေါလေလမ်းတလျှောက် စစ်ကောင်စီတပ်များ၏ အင်အားတိုးမြှင့်လှုပ်ရှားမှုများ ရှိနေပြီး တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပေါ်လာနိုင်ပါသည်။ ဆင်ဖြူစစ်ကြောင်းအနေဖြင့်လည်း KNU,KNLA, KNDO တို့ အပါအဝင် ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်လျှက်ရှိသော Cobra စစ်ကြောင်း၊ Venom စစ်ကြောင်းတို့နှင့် အခြားသော PDF တပ်ခွဲများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်သွားမည် ဖြစ်ပါကြောင်းပြည်သူတရပ်လုံးအား အသိပေးတင်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့ ဆင်ဖြူစစ်ကြောင်းအနေဖြင့် ဆက်လက်တိုက်ပွဲဝင်ရာတွင် … အမျိုးသားညီညွတ်ရေးအစိုးရနှင့်အတူ ပြည်သူတရပ်လုံး၏ ထိရောက်စွာ ပံ့ပိုးကူညီထောက်ပံ့မှုများက အဓိကကျလှပါသည်။ တိုက်ပွဲတစ်ခုဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာရှိပြီး ၎င်းလိုအပ်ချက် များအတွက် မိမိတို့ ဆင်ဖြူစစ်ကြောင်း၊ KNDO အထူးကွန်မန်ဒိုတပ်ရင်းသို့ တိုက်ရိုက်ပံ့ပိုးကူညီလှူဒါန်းမည်ဆိုပါက မိမိထံသို့ လည်းကောင်း၊ Unity PDF စခန်း တာဝန်ခံများထံသို့ လည်းကောင်းဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ဒုတိယဗိုလ်မှူးကြီးစောစလုံး(တပ်ရင်းမှူး)

KNDOအထူးကွန်မန်ဒိုတပ်ရင်းဆင်ဖြူစစ်ကြောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်

Red News Agency

By Editor