တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။

” မိမိတို့ တပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားသော နယ်မြေအတွင်းသို့ စစ်ခွေးတပ်သားများ ဝင်ရောက်လာသောကြောင့် ရှင်းလင်းမောင်းထုတ်ခဲ့ရာ စစ်ခွေးများ အထိအခိုက် အကျအဆုံးများစွာဖြင့် အလောင်းပင်မသယ်နိုင်ပဲ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်။ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ထိခိုက်ကျဆုံးမှု တစ်စုံတစ်ရာ မရှိခဲ့ပါ” ဟု မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ယနေ့ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းစသည့် တိုင်းနှင့်ပြည်နယ်အတွင်းမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားနယ်မြေအတွင်း ရောက်ရှိသွားသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး အသေအဆုံးများကာ အရှင်ဖမ်းခံရမှုများ၊ ထွက်ပြေးကြရသူများ မကြာခဏဖြစ်နေကြောင်း သိရသည်။

Red News Agency

By Editor