လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။

“မိမိတို့အနေနှင့် CDM လှုပ်ရှားမှုကို အားပေးပါသည်။ ကြိုဆိုပါသည်။ ၎င်းနည်းတူပြည်သူနှင့်CDM ဝန်ထမ်းများကို ဒုက္ခပေးခြင်းမရှိသော၊ထိခိုက်စေခြင်းမရှိသော Non -CDM ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊လက်နက်မဲ့အဖွဲ့အစည်းများအား တိုက်ခိုက်သွားမည်မဟုတ်ပါ” ဟု ပွင့်ဖြူ PDF က ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သားများနှင့် ထောက်ခံသူများသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဂုဏ်သိက္ခာကျစေရန် ရည်ရွယ်၍ PDF များက စာသင်ကျောင်းများ၊ ပြည်သူများကို တိုက်ခိုက်နေသည်ဟု မကြာခဏ မဟုတ်အမှန် လုပ်ကြံသတင်းများထုတ်လွှင့်နေပြီး၊ PDF အယောင်ဆောင်ကာ ဖုန်းဆက်ခြိမ်းခြောက်မှုများ၊ ငွေကြေးလိမ်လည်မှုများ ပြုလြပ်နေကြောင်း သိရသည်။

Red News Agency

By Editor