၂၀၂၀ရွေးကောက်ပွဲ

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဟု NLD ထုတ်ပြန် 

RNA_ဇူလိုင်၉၊၂၀၂၂ခုနှစ်။ ရွေးကောက်ပွဲက တဆင့်ပြည်သူလူထုအပ်နှင်းထားသည့် အာဏာကို အဓမ္မလုယူထားသည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း NLD က ယနေ့ ထုတ်ပြန်ထားသည်။ " အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိ သည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်) သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း" ယနေ့ ထုတ်ပြန်ထားသည်။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း…
Read More