Interview

သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားပြီး သေဒဏ်အတည်ပြုထားသည့် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာ်သော်ပါအဝင် ၄ ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရမည်ဖြစ်သော်လည်း တကယ်စီရင်လိုက်ပါက မ မျှော်မှန်းနိုင်သည့် နစ်နာဆုံးရှုံးမှု၊ ပြင်းထန်ရက်စက်သည့် လက်တုန့်ပြန်မှုများ၊ ကမ္ဘာကြီးက  လက်ခံမည်မဟုတ်ကြောင်း စသည်တို့ကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောထားသည်။ [embedyt] https://www.youtube.com/watch?v=U0m_YE6fZTo[/embedyt] RedNewsAgency
Read More
တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

" စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်"   ***************************** အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။ RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။…
Read More
ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

ကြိုးမိန့်ပေးမည့်သတင်းနှင့်ပတ်သက်ပြီး Red News Agency ၏သတင်းမှားယွင်းမှုအပေါ် ဝမ်းမြောက်ခြင်း ထုတ်ပြန်ချက်

 16/6/2022 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် NLDလွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာ သော်တို့အပေါ် အာဏာသိမ်းစစ်ကောင်းစီက သေဒဏ်ပေးထားပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၄ နာရီတွင် အင်းစိန်အကျဉ်းထောင်အတွင်း ကြိုးမိန့်ပေးမည်ဟု Red News Agency သတင်းဌာန ဇွန်လ ၁၅ ရက်နေ့ ညပိုင်းက ဖော်ပြခဲ့သည့် သတင်းအတွက် သတင်းမှားဖြစ်နေသည််ဟု စာဖတ်ပရိတ်သတ်အများ ပြောဆိုနေမှု အပေါ် Red News Agency သတင်းဌာန အဖွဲ့သားများက ဝမ်းမြောက်ကြောင်း ထုတ်ပြန်အပ်ပါသည်။ Red News Agency သတင်းဌာနအနေဖြင့် ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာ်သော်တို့ကို ကြိုးမိန့်ပေးမည်ဟု သတင်းရင်းမြစ်က ပေးပို့လာချိန်တွင် ဖော်ပြရန် သင့် မသင့်…
Read More
အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

RNA_မတ် ၉၊၂၀၂၂ခုနှစ်။ စစ်ဘေးရှောင်ပြည်သူများ ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး ( KNU) ဒူးပလာယာခရိုင်ဘအမှတ် (၆) တပ်မဟာနယ်မြေ လေးကေကော််ဒေသနှင့် ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်များ (၃) ရက်အတွင်း ပြန်လည်ဆုတ်ခွါရန် သတိပေး ထုတ်ပြန်ထားသည်။ KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က မတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အ‌သိပေးထားကြောင်း၊ KNU တပ်မဟာ (၆) ဒေသတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်း လေးကေ့ကော်မြို့သစ် အပါအဝင် ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းက ပြည်သူများ ကျေးရွာများကို စွန်ါခွါကာ…
Read More
ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

ရိုဟင်ဂျာလူမျိုးများအတွက် တရားမျှတမှုရရှိရေး NUG အစိုးရ၏ တာဝန်အဖြစ် ခံယူထား

RNA_ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ၂၀၁၆-၂၀၁၇ ခုနှစ်များအတွင်း ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာလူမျိုးများအပေါ် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်၏ အကြမ်းဖက်မှုကြောင့် မြေစာပင်ဖြစ်ခဲ့ရသူများအတွက် တရားမျှတမှု ရရှိရေး NUG အစိုးရ၏ တာဝန်ဝတ္တရားအဖြစ် အလေးအနက်ခံယူထားကြောင်း NUG သမ္မတရုံးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။ ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးသုဉ်းသတ် ဖြတ်မှုများနှင့် ပတ်သက်ပြီး ဂမ်းဘီးယားနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဥပဒေပညာရှင်အဖွဲ့ ဖွဲ့စည်းလိုက်သည်။ (more…)
Read More
ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင် မည်ဖြစ်ကြောင်း (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် ကျရောက်သည့် (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့သည် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၁၆ ရက်) ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းများအရ အေဒီ ၅၇၃ ခုနှစ်၊ သာသနာနှစ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် သုဝဏ္ဏဘူမိ နေပြည်တော်မှ မွန်မင်းသား နှစ်ပါးဖြစ်သော သမလ နှင့် ဝိမလ ညီနောင်မှ ဟံသာဝတီ (ပဲခူး) တိုင်းနိုင်ငံအသစ်ကို စတင်တည်ထောင်ခဲ့သည့်…
Read More
ဒေါ်စောမြရာဇာလင်းက မိမိကိုယ်ကိုယ်ဒုတိယဥက္ကဋ္ဌဟုဆိုကာ စစ်ကောင်စီ၏ အခမ်းအနားနှင့် ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန် 

ဒေါ်စောမြရာဇာလင်းက မိမိကိုယ်ကိုယ်ဒုတိယဥက္ကဋ္ဌဟုဆိုကာ စစ်ကောင်စီ၏ အခမ်းအနားနှင့် ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်းဖြစ်သည်ဟု ALP ထုတ်ပြန် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထာဝရငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ဒုတိယဥက္ကဋ္ဌ(၃)ဟောင်း စောမြရာဇာလင်းသည် ကိုယ်စားလှယ်များဟုအမည်တပ်ပြီး သူ၏ဝန်ထမ်းနှစ်ဦးနှင့်အတူ အခမ်းအနားတက်ခြင်း၊ ဆွေးနွေးပွဲတွင်ဝင်ထိုင်ခြင်း၊ မိမိကိုယ်ကိုယ် ဒုတိယဥက္ကဋ္ဌဟု မီဒီယာများတွင် လိမ်လည်ဖော်ပြခိုင်းခြင်းများသည် ပါတီနှင့် သက်ဆိုင်မှုလုံးဝမရှိကြောင်းနှင့် ပါတီအပေါ် မည်သည့်ကိုယ်စားပြုမှုမျှ မရှိပါကြောင်း သိစေအပ်ပါသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ဒေါ်စောမြရာဇာလင်း သည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် စစ်ကောင်စီက ကျင်းပသည့် (၇၅)နှစ် မြောက်စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်း အနားသို့ တက်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ( NSPNC) တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း…
Read More
ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

ဒေသန္တရအုပ်ချုပ်ရေး အခွန်ကောက်ခံရရှိမှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၄၀ ရာခိုင်နှုန်း စီမံခန့်ခွဲခွင့်ရမည် 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် အခွန်ကောက်ခံခြင်းနှင့် မျှဝေသုံးစွဲခြင်းဆိုင်ရာ မူဝါဒတွင် ၄၀ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၏ စီမံခန့်ခွဲမှု အောက်တွင်ထားရှိရမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၏ အစိတ်အပိုင်း(၁)၊ အခန်း(၄) အပိုင်း(၃)၊ ဘဏ္ဍာရေးဆိုင်ရာ ဖက်ဒရယ်စနစ် စာပိုဒ်ခွဲ(၁၈)၊ (၁၉) အရ မူဝါဒ ချမှတ်ခြင်းဖြစ်ကြောင်း၊ ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး ဖော်ဆောင်ရာတွင် မဖြစ်မနေ အခွန်ကောက်ခံခြင်းနှင့် မျှဝေ သုံးစွဲခြင်းဆိုင်ရာ မူဝါဒတစ်ရပ်ဖော်ဆောင်ရန် လုပ်ငန်းတာဝန်ကို အပိုင်း (၂) ပိုင်း ခွဲ၍ ဖော်ဆောင်သွားမည်ဟု သိရသည်။ (more…)
Read More
ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” အဖြစ် ဂုဏ်ပြုမှတ်တမ်းတင် 

RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ အကြမ်းမဖက် အာဏာဖီဆန်ရေးနည်းလမ်းများအနက် အဆုံးစွန်သော နည်းလမ်းဖြစ်သည့် မိမိကိုကိုယ် မီးရှို့ဆန္ဒပြခြင်းအားဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီအား လုံးဝလက်မခံကြောင်း အသက်နှင့်ရင်းကာ ဆန္ဒဖော်ပြခဲ့သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပြည်တော်သာရပ်ကွက်နေ ကိုအောင်မြင့်မြတ်(ခ)ကိုအောင်အောင်အား “ပြည်သူ့သူရဲကောင်း” တစ်ဦးအဖြစ် မော်ကွန်းတင်ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်ဟု ယနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News Agency
Read More
ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

ထန်တလန် CDF ထိန်းချုပ်နယ်မြေ ကျေးရွာ (၅၁) ရွာကို ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်နေ 

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က ကျေးရွာ (၅၁) ရွာကို CDF- Thantlang က ထိန်းချုပ်ထားပြီး ထန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနများဖွဲ့စည်းကာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ " CDF, Thantlang ထိန်းချုပ်သည့်နယ်မြေအတွင်းရှိ ကျေးရွာပေါင်း (၅၁) ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ လုပ်ငန်းဆောင်ရွက်ခဲ့ပြီး "အန်တလန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” ကို ၂၁၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇၂၈ ရက်နေ့တွင် ဖွဲ့စည်းနိုင်ခဲ့သည်။ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အောက်တွင် ကျန်းမာရေး ပညာရေးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ တရားဌာန၊ လမ်းပန်းဆက်သွယ်ဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေဌာန၊ စီမံကိန်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုဌာနနှင့် ပြည်တွင်းပြည်ပဆက်ဆံရေးဌာန…
Read More