ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ခုနှစ်။

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ (၁၈) ရွာမှ ဒေသခံပြည်သူများထံသွားရောက်ပြီး ပုလော PDF တာဝန်ရှိသူများက တော်လှန်ရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ပြန်လည်တည်ဆောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

” တော်လှန်ရေးနှင့်ပက်သက်သည့်အကြောင်းအရာများပြန်လည်တည်ဆောက်နိုင်ရန်အတွက် မူးယစ်ဆေးဝါး/ကျန်းမာရေး / ပညာရေး ကိစ္စများတွင် ကိုယ်ထူကိုယ်ထ လုပ်ဆောင်ချက်များကို ဆွေးနွေး ဟောပြောခဲ့ပြီး စစ်ဘေးရှောင်များနှင့် ကျေးရွာဒေသခံများကိုလည်း  အားပေးစကားများပြောကြားပေးခဲ့သည်” ဟု Palaw – KPDF က ယမန်နေ့က ထုတ်ပြန်ထားသည်။

ပုလောမြို့နယ်အတွင်း KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများကို တရားဥပဒေစိုးမိုးမှု ရှိလာစေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ KNU တပ်မဟာ (၄) နှင့် Palaw – KPDF တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြကြောင်း သိရသည်။

#RedNewsAgency

By Editor