တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၄၃ မိနစ်တွင် တံတားကျိုးကျေးရွာရှိ စစ်ကောင်စီတပ်ကို ကျားဖြူ တပ်ခွဲ (၂) အပါအဝင် KNLA ပူးပေါင်းတပ်ဖွဲ့များကသွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” သွားရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်အထိအတွေ့ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စကစဘက်မှ အထိအခိုက်ဆုံးရှုံးမှုများလာသဖြင့် လေကြောင်းပစ်ကူများအသုံး ပြု၍တိုက်ခိုက်ခဲ့ပါသည်။ လေကြောင်းပစ်ကူများမှာ ၅ကြိမ်ထပ်မနည်းလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စကစဘက်မှအများအပြားကျဆုံးသည်ဟုသိရှိရပြီး(စုံစမ်းဆဲ)မိမိတို့ဘက်မှဒဏ်ရာရသူနှစ်ဦး(မစိုးရိမ်ရ)နှင့်အတူကြယ်တပွင့်လည်းဆုံးရှုံးခဲ့ရပါသည်” ဟု ကျားဖြူတပ်ခွဲ (၂) က ယနေ့ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားချိန် ၂ နာရီ ၃၀ မိနစ်ဝန်းကျင်အတွင်း စစ်ကောင်စီတပ် အထိနာပြီး လေကြောင်းပစ်ကူယူခဲ့ကြောင်း၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်သည့်အတွက် နေအိမ်အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုရှိ‌နိုင်ကြောင်း သိရသည်။

#RedNewsAgency

By Editor