၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ စစ်ကောင်စီတပ်သား ၁၆၉၂ ဦးသေဆုံးပြီး စစ်ကောင်စီယာဉ် (၅၈) စီး ပျက်စီးသွားကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၁၈၄) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ၂၀၂၀ နှစ်ကုန်အထိ တိုက်ပွဲ (၅၄၄) ကြိမ်ဖြစ်ပွားပြီး KNDF၊ PDF၊ KA ကျဆုံးသူ (၂၁၁ ) ဦးရှိကြောင်း၊ စစ်ကောင်စီတပ်က အရပ်သား (၂၈၀) ဦးကို မတရားဖမ်းဆီးခဲ့ပြီး၊ ဒေသခံပြည်သူ (၂၉၃) နှင့် စစ်ဘေးရှောင်ပြည်သူ (၁၂၆) ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ဘာသာရေး အဆောက်အဦ (၂၇) လုံးနှင့် နေအိမ်အဆောက်အဦ (၁၃၀၉) လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor