RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။
အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။

“တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး” စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။


NUG အစိုးရအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းများက စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်နှင့် ဆန့်ကျင်ကြရန် ထုတ်ဖော်ပြောဆိုထားကြသည်။

#RedNewsAgency