တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။
 
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား (၅)ဦးအပါအဝင် လူငယ် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။
 
ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ဒီဇင်လာလ ၂၆ ရက်နေ့က ထောင်ဒဏ် ၂၆ နှစ်စီချက်မှတ်လိုက်သည်ဟု East Yangon University Students’ Union – EYUSU က ယနေ့ ထုတ်ပြန်ထားသည်။

ထောင်ဒဏ် ၂၆ နှစ် မတရား အမိန့်ချမှတ်ခံခဲ့ရသူများမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ​မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ)၊ ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်) ၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ််၊ ကိုဖြိုးကောင်းထိုက် (ကျောင်းပြီး) တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခဲ့သည်။
 
ကိုအေးမင်းထိုက် (အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်) အား ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ်၊ ကိုကျော်ကျော်နိုင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ကြောင်း၊ ထို့အပြင် အဆိုပါ ကျောင်းသားလူငယ်များအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-စျ/၅၄ ဖြင့် တရားစွဲဆိုထားပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အပြီးသတ်အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
https://www.youtube.com/@rednewsmm/community
https://t.me/rednewsagency/977
By Editor