မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။

မကွေးတိုင်းအခြေစိုက် People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်း‌နေကြောင်း သိရသည်။

People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

People’s Revolution Alliance ( PRA – Magway) တပ်ဖွဲ့သည် မကွေးတိုင်း မင်းဘူးခရိုင်အတွင်း စစ်ကောင်စီတပ်သားများကို လက်နက်ကိုင်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး၊ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့များနှင့်လည်း ပူးပေါင်းတိုကိခိုက်မှုများရှိကြောင်း သိရသည်။

#RedNewsAgency

By Editor