BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

ဓာတ်ပုံ : BPLA အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ်(၁)မှ သင်တန်းသူ/သင်တန်းသားများအား တွေ့ရစဉ်။ 

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်အာလေး(ခ) ကာလေး ( ကိုယ်ပိုက်အမှတ် BA 00014) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ : BPLA အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ်(၁)မှ သင်တန်းသူ/သင်တန်းသားများအား တွေ့ရစဉ်။ 

BPLA တွင် ရဲဘော်အာလေး(ခ) ကာလေးသည် သင်တန်းပြီးမြောက်ချိန်မှစပြီး တပ်တော်၏ မဟာမိတ်ဆက်ဆံရေးကိစ္စများ၊ စစ်ရေးလှုပ်ရှားမှုစသည်တို့ကို ကိုယ်စွမ်းညာဉ်စွမ်းရှိသ၍ ဇွဲလုံးအပြည့်ဖြင့် တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ရဲဘော်အာလေး(ခ) ကာလေး ကျဆုံးခဲ့ရသည့်အတွက် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် အနေဖြင့် များစွာကြေကွဲဝမ်းနည်းရကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

Red News Agency

By Editor