ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

ပျူစောထီး ခြေကုပ်စခန်းများနှင့် ပျူစောထီးခေါင်းဆောင်နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်နေ့ ညပိုင်း ၂၀၂၃ ခုနှစ် ကူးပြောင်းချိန်တွင် လောင်းလုံးမြို့နယ် ပြည့်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ဝင်ရောက်စီးနင်းခဲ့သည့်အတွက် စစ်ရေး မှတ်တမ်းများ၊ မဘသအဖွဲ့ မှတ်တမ်းများ၊ ပျူစောထီးအဖွဲ့ဝင် အမှတ်များ၊ လက်လုပ်လက်နက်များနှင့် စစ်အသုံး အဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ပျူစောထီးခြေကုပ်စခန်းနှင့် နေအိမ်များ ဝင်စီးစဉ် အရေးကြီးသည့် ထားဝယ်ခရိုင် ၄ မြို့နယ်အတွင်းရှိ ကောင်စီလက်လက်အောက်ခံ ကျေးရွာ၊ ရပ်ကွက်အလိုက် ပျူစောထီးအဖွဲ့ဝင်များ စာရင်းကို ရရှိခဲ့ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

#RedNewsAgency

By Editor