နှုံးဘူးဗျူဟာ

စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော် -AA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ဖြစ်ဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းပါ သိမ်းဆည်းရမိဟု ယနေ့ AA က ထုတ်ပြန်လိုက်သည်။ AA မှ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် စစ်ကောင်စီမှ အပြင်းအထန် ခုခံခဲ့သော်လည်း ဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ "နှုံးဘူး" ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ရှေ့ဆင့်နောက်ဆင့်…
Read More