Tag: ကင်စခန်း

  • စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

    စစ်ကောင်စီ၏ ရေနံမှော်ကင်းစခန်း (၂) ခုအား တော်လှန်ရေးအင်အားစုများ တိုက်ခိုက်သိမ်းပိုက်

    RNA_ဩဂုတ်(၁၆)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်အတွင်းရှိ စစ်ကောင်စီ၏ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းအား တော်လှန်ရေး အင်အားစုများက ဩဂုတ်လ (၁၅) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
     
    ရေနံမှော်ကင်းစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီီ၏ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင်အပါအဝင် (၁၂) ဦးသေဆုံးခဲ့ကြောင်း၊ ကပစ-၂၃ မှ ဒု-အရာဗိုလ် ဝင်းမြင့်ထွန်းအပါ (၁၂) ဦး ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်မျိုးစုံ (၃၀) လက်၊ ကျည်မျိုးစုံ (၂၆၀၀) ကျော်၊ မိုင်း (၇) လုံး၊ ဗုံးသီး (၆) လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    (more…)