ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိူက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ည မြန်မာစံတော်ချိန် (၆) နာရီ (၃၀) မိိစ်ခန့်အထိ တိုက်ပွဲပြင်းထန်နေကြောင်း Anyar Defense Force ထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒီပဲရင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ဝန်ထမ်းအိမ်ယာစသည်တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အတိုက် မြို့မပျက်စီးရေးအတွက် တော်လှန်ရေးအင်အားများ ယာယီပြန်ဆုတ်ရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲဝင် ရဲဘော်တချို့ထံမှ သိရသည်။

#RedNewsAgency #RNA

By RNA Editor