တောင်သာ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်း စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တောင်သာမြို့နယ် ထန်းပင်ကန်ရွာ ရေအောင်မြင်ဘုရား၌ တပ်စွဲထားသည့် စစ်အုပ်စုက သာပေါင်းလေးရွာရှိ စာသင်ကျောင်းကို ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် (၈) နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားသည်။ စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ချိန်တွင် မူလတန်းစာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အချို့သည် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် စာသင်ကြားနေသည့် ဆရာမလည်း ပါဝင်ခဲ့ကြောင်း…
Read More
မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

မြင်းခြံခရိုင်အတွင်း စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်ရှိနေ

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ တိုက်ပွဲများတွင် စစ်ရေးအသာစီးရနေသော်လည်း ခဲယမ်းလိုအပ်ချက်များရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း - Myingyan Black Tiger (MBT) တာဝန်ခံ ဗိုလ်မိုက်ခဲကပြောသည်။   မြင်းခြံခရိုင် PDF ရဲဘော်များ ပူးပေါင်းကာ ဩဂုတ်လ နောက်ဆုံးပတ်အတွင်းက "မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)" အဖြစ် မြင်းခြံမြို့နယ်၊ ငါန်းဇွန်မြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဂိတ်များကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။ (more…)
Read More
“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့

“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ အောင်မြင်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့

RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိိ စစ်ကောင်စီလက်အောက်ခံများကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက Myingyan District Special Operation (MDSO) "မြင်းခြံခရိုင်အထူးစစ်ဆင်ရေး" အဖြစ် ဩဂုတ်လ ၁၀ ရက်မှ ဩဂုတ်လ ၂၁ ရက်နေ့အထိ တိုက်ပွဲများ ဆင်နွှဲခဲ့ကြောင်း Myingyan Black Tiger (MBT)ထံမှ သိရသည်။   "မြင်းခြံခရိုင်အထူးစစ်ဆင်ရေး" အတွင်း မြင်းခြံမြို့ ခမရ- ၁၅ တပ်ရင်း၊ မြင်းခြံမြို့နယ် လေးရွာဆုံပျူစခန်း၊​ သစ်ပင်ရှည်ကျေးရွာအနီး တိုက်ပွဲ၊ ပျော်ဘွယ် စံပြကျေးရွာအနီး တိုက်ပွဲ၊ ရွာကြီးကျေးရွာအနီးတိုက်ပွဲနှင့် နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီး တိုက်ပွဲတို့အား များဆင်နွှဲခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိအပါအဝင် အနည်းဆုံး…
Read More
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားနေ

မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားနေ

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး "မြင်းခြံရိုင်အထူးစစ်ဆင်ရေး" တိုက်ပွဲဖော်ဆောင်နေသည့်အတွက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြင်းခြံ - နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် PDF တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။   (more…)
Read More