နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း အသုဘ ယနေ့ ပြုလုပ်မည်

RNA_ဩဂုတ်(၁၃)၊၂၀၂၄ ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက် တိုက်ပိတ်ဖိနှိပ်ရာများတွင် စိတ်အားတက်ကြွစွာပါဝင်ပြီး အကျဉ်းသားများအကြား နာမည်ဆိုးဖြင့်​ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦး အသုဘ ယနေ့ နေ့လယ် ၁၂ နာရီတွင် ထိန်ပင်သုဿာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦးသည် လေဖြတ်ပြီး သတိပြန်လည်မရရှိတော့သည့် အခြေအနေဖြင့် ဩဂုတ်လ ၁၁ ရက်နေ့က ဝိတိုရိယဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် အင်းစိန်အကျဉ်းထောင် ဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက်ခြင်း၊ ပုံစံထိုင်ခိုင်းခြင်း၊ ထောင်တွင်း ငြိမ်းချမ်းစွာဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ တိုက်ပိတ်ခြင်းစသည့် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများကို လုပ်ဆောင်ကြသည်။

#RedNewsAgency

By Editor