မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်း တိုက်ပွဲဖြစ်ပွားနေ

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ နွားထိုးကြီး၊ တောင်သာ၊ မြင်းခြံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်းပြီး “မြင်းခြံရိုင်အထူးစစ်ဆင်ရေး” တိုက်ပွဲဖော်ဆောင်နေသည့်အတွက် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးလမ်းပိုင်းများတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် မြင်းခြံ – နွားထိုးကြီးလမ်းပိုင်းနှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် PDF တပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။
 

Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်း နှင့် မြင်းခြံခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ LPDF၊ ပကဖပူးပေါင်းတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ (၁၀) ကစပြီး “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)” ဆင်နွှဲနေကြောင်း၊ တောင်သာ- ကျောက်ပန်းတောင်းလမ်းပိုင်း စိုးမိုးရေးအတွက် တောင်သာမြို့နယ် ဝဲလောင်ရွာအနီး လျှပ်စစ်ဓာတ်အားခွဲရုံစောင့် စစ်ကောင်စီတပ်သားများကို ဩဂုတ်လ ၁၀ ရက်နေ့က ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ထွက်ပြေးသွားကြသည့်အတွက် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု Myingyan Black Tiger (MBT) ထံမှ သိရသည်။
 
#RedNewsAgency #RNA
By Editor