သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

Written by

in

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်အများအနေဖြင့် မဟာမိတ် TNLA နှင့်အတူ ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများတွင်လည်း ဆင်နွှဲနေပြီး မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ကိုသိမ်းပိုက်ထားပြီး မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ သပိတ်ကျင်းမြို့နယ်တို့တွင်လည်း တိုက်ပွဲဝင်နေကြောင်း သိရသည်။
 
#RedNewsAgency