သတင်း

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို တော်လှန်ရေးရဲဘော်များ ကယ်ထုတ်

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။   ၁၁.၁၁ စစ်ဆင်ရေး စတင်ချိန်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လျစ်လျူရှုစွန့်ပစ်ခြင်းခံခဲ့ရသည့် ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၁၃၄) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၆၄) ဦးကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုမှ ဘေးလွတ်ရာသို့ ကယ်တင်ခေါ်ထုတ်ပေးခဲ့သည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ပြည်ထဲရေးဌာနမှ ယမန်နေ့က ထုတ်ပြန်ထားသည်။   လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများနှင့် ယင်းမိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ပြည်ထဲရေးဌာန၏ စီမံကြီးကြပ်မှုအောက်တွင် ဘေးကင်းလုံခြုံစွာဖြင့် စောင့်ရှောက်ထားသည်ဟု သိရသည်။ (more…)
Read More
ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။ ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ်…
Read More
AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

AA တရက်တာတိုက်ပွဲတွင် စစ်တပ်မှ ၂၄ ဦး အနည်းဆုံးကျပြီး ဒုတပ်ရင်းမှူး အပါအဝင် ၁၀ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ (၁၄)၊ ၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ် ရက္ခိုင့်တပ်တော် - AA နှင့် စစ်ကောင်စီတပ်လက်အောက်ခံများ ယမန်နေ့က မြို့နယ် ၃ ခုတွင် တိုက်ပွဲ ၅နေရာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၄ ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၁၀ ဦးဖမ်းဆီးရမိသည်ဟု AA ကထုတ်ပြန်ထားသည်။ မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ (၂) ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်၊ ခမရ(၃၄၄) တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်ထွန်း၊ တပ်စုမှူး ဗိုလ်ကြီး ဖြိုးဇေယျာလှိုင်အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးဖမ်းဆီးရမိပြီး ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးကျဆုံးကြောင်း သိရသည်။ မောင်တောမြို့…
Read More
တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

တပ်မ ၂၂ လက်အောက်ခံတပ်မှ လက်နက်ချသူ ၂၃ ဦးကို ကောင်းမွန်စွာစောင့်ရှောက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ တပ်မှ တပ်ရင်းမှူးသေပြီး တပ်ပျက်သွားသည့်အတွက် လက်နက်ချအညံ့ခံခဲ့သည့် ၂၃ ဦးကို အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း Lion Battalion commando စစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံတွင် တွေ့ရှိရသည်။   မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတံတားကို အင်အား ၅၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် တပ်မ ၂၂ လက်အောက်ခံတပ်နှင့် Lion Battalion Commando၊ KNLA၊ KNDO၊ KTLA၊ PDF စသည့် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့က စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးနှင့် အရာရှိ တဦးအပါအဝင်…
Read More
ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

ယနေ့ ရခိုင်ပြည်နယ် ၃ မြို့နယ်မှာ တိုက်ပွဲ (၅) နေရာဖြစ်

RNA_နိုဝင်ဘာ(၁၃)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ (၅) နေရာတွင် စစ်ကောင်စီတပ်စခန်းနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို ရက္ခိုင့်တပ်တော် -AA က ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံများကို ရက္ခိုင့်တပ်တော်က ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ၊ ဒုံးပိုက်ရွာအနီးတွင် နံနက် (၅) နာရီ (၃၀) မိနစ်ခန့်မှစတင်၍ လည်းကောင်း၊ အငူမော်ဆိပ်ကမ်းမြောက်ဘက် ၁၁.၅ ကီလိုမီတာအကွာ ဒုံးပိုက်ကျေးရွာအနီးတွင်လည်းကောင်း တိုက်ပွဲများ ဖြစ်ပွါးခဲ့သည်။ မောင်တောမြို့နယ်၊ မီးတိုက်နှင့် သင်္ဘောလှရွာအနီးလည်းကောင်း၊ မင်းပြားမြို့နယ်၊ ဖားပြို (ချင်း) ကျေးရွာ၏ အရှေ့မြောက်ဖက် (၁၁၀၀) မီတာအကွာ ရန်ကုန်-စစ်တွေ ကားလမ်းမထက်နှင့် ပန်းမြောင်းရွာ၏…
Read More
ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

ကွမ်းလုံမြို့အား အပြီးအပိုင်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု MNDAA ကြေညာ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။   ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့များက စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ကွမ်းလုံမြို့အား နယ်မြေရှင်းလင်းရေးလုပ်ပြီး အပြီးအပိုင််သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ကွမ်းလုံမြို့ သံလွင်မြစ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ စစ်ကောင်စီ၏ ဗျူးဟာကုန်းများကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း၊ ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်မှ သံချပ်ကာကား၊ တင့်ကားအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း သိရသည်။ #RedNewsAgency
Read More
KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ယနေ့ ကရင်နီပြည်တွင် "၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) စတင်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ချိန် လေယာဉ်တစ်စီးကို ပစ်ချနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ " စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။…
Read More
စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။   ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။   #RedNewsAgency
Read More
၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် အောင်သပြေလှုပ်ရှားမှု ပြုလုပ်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ထောက်ခံမှုနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အောင်သပြေလှုပ်ရှားမှု ဆန္ဒပြပွဲကို ယနေ့ နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖားကန့်မြို့နယ် မှော်လည့်သပိတ်အင်အားစုများက ချီတက်လှည့်လည် ဆန္ဒပြခဲ့ကြသည်။   #RedNewsAgency
Read More
ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

ယနေ့ ရေစကြိုမြို့ပေါ် ၂ နာရီကြာ တိုက်ပွဲဖြစ်

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့၊ စစ်ကောင်စီလက်အောက်ခံ ငြိမ်းဇာနီတပ်စခန်း (စစ်မှုထမ်းဟောင်းရုံး) အား ဒေသခံ ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်တိုက်ခိုက်ရာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။ "တိုက်ပွဲကြာချိန် ၂နာရီခန့်ကြာမြင့်ခဲ့ပြီး စခန်းသိမ်းနိုင်ရန် အလိုတွင် ရုံးပေါင်းစုံမှ စစ်ကူလာသော စစ်ကူများအား ကြားဖြတ်တိုက်ခိုက်မှုမှာ ရေရှည်တေဋင့်မခံနိုင်သောကြောင့် တိုက်ခိုက်မှုအပိုင်းမှ ရဲဘော်များအနေဖြင့် ရင်နာနာဖြင့်ပြန်လည်ဆုတ်ခွါပေးခဲ့ရသည်” ဟု Myingyan Black Tiger (MBT) က ထုတ်ပြန်ထားသည်။ (more…)
Read More