ကျားခဲရွာ

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

ကျေးရွာ ပကဖ အဖွဲ့ဝင် (၄) ဦးကို စစ်ကောင်စီတပ် မီးရှို့သတ်ဖြတ်

RNA_အောက်တိုဘာ(၂၆)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့ ရွှေထီးခန်းမ၌ တပ်စွဲထားသော် စစ်ကောင်စီ၏ တပ်နှင့်ပျူ အင်အား (၈၀) ကျော်ပါ ပူးပေါင်းစစ်ကြောင်းက ယနေ့ နံနက်စောစော (၄) နာရီခန့်က ကျားခဲရွာကို ဝင်ရောက်စီးနင်းကာ မြောက်ဘက်ရွာအဝင်ဂိတ်နေရာ၌ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ ပြည်သူ (၁) ဦးမှာတော့ ပစ်ခံထားရသော သေနတ်ဒဏ်ရာများဖြင့် အခြားနေရာတခုတွင် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ဒေသခံထံမှ သိရသည်။ “စစ်တပ်နဲ့ပျူတွေ ရွာကို စောစောဝင်စီးတာ ရွာမြောက်ဘက်ဂိတ်မှာပဲ ကာကွယ်ရေးအဖွဲ့ဝင် (၄) ဦးကို သတ်ပစ်တယ် ပြီးတော့ မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။ နောက်တစ်ယောက်ကတော့ သေနတ်ဒဏ်ရာနဲ့ အခြားတနေရာမှာ သေနေတာတွေ့ရတယ်။…
Read More