မယုမွန်ထိုက်

အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

အမျိုးသမီးတဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင်အား ထောင်ဒဏ် (၁၀) နှစ်ချမှတ်

RNA_အောက်တိုဘာ(၂၃)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းတိုက်နယ်၊ သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁) - ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အတွက်ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း ထုတ်ပြန်ထားသည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော်ပြည့်ထွန်းနိုင်က သေနတ်ဖြင့် တချက်တည်း ပစ်သတ်ခဲ့ခြင််််််းဖြစ်​ကြောင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း "မချစ်လို့ ပစ်သတ်မှု" ဟု နာမည်ကြော်ကြားခဲ့သည့် အမှုဖြစ်ပြီး၊ ပစ်သတ်ခံရသူ မယုမွန်ထိုက်နှင့် ပစ်သတ်သူတို့သည် သမီးရည်းစားများမဟုတ်ကြောင်း…
Read More